အပိုင်း (၄၀၃) - ဆွေးနွေးမှု

2.5K 292 0
                                    

Zawgyi


နောက်ဆုံး အသားတုံးအား စားပြီးနောက် သူမ ရပ်လိုက်ပြီး ကြည့်လိုက်ရာ တစ်ဖွဲ့လုံးသည် သူမအား ကြည့်နေသည်ကို တွေ့လိုက်သည်နှင့် အနည်းငယ်ရှက်သွားကာ ပြောလိုက်သည် "သမီးဗိုက်ဆာလို့ပါ"

ရှီမာယူယူသည် သူမခေါင်းအားပုတ်ကာ ပြောလိုက်သည် "ရတယ် မင်းကို ဘယ်သူမှ ဘာမှ မပြောဘူး"

"ဟုတ်တယ်၊ မင်းက အကြာကြီးအပိတ်ခံထားရတော့ ဘာမှ မစားရတာလည်း ကြာမှာပဲ၊ ဗိုက်ဆာတာ က ဖြစ်တတ်ပါတယ်" ဖက်တီးကျူ သည် လျင်မြန်စွာ သဘောတူလိုက်သည်။

အိမ်မက်လေး ရှက်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့သည် ကလေးအား အနိုင်ကျင့်မိသလို ခံစား ရသည်။

"ဗိုက်ပြည့်သွားပြီလား ထပ်စားချင်သေးလား" ဘေဂုံထန် ချိုသာစွာ မေးလိုက်သည်။

"ရပါတယ် ဗိုက်ပြည့်သွားပြီ" အိမ်မက်လေးသည် ခေါင်းရမ်းပြီး သူမအား မည်သူမှ စိတ်မဆိုးသည်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"မင်း ဗိုက်ပြည့်သွားပြီဆိုတော့ ဟိန်းသံလေးနဲ့ တခြားသူတွေကို ဝိဥာဉ်စေတီအတွင်း လိုက်ပြခိုင်း မယ်လေ" ရှီမာယူယူ မေးလိုက်သည်။

"ကောင်းပြီ" အိမ်မက်လေး ပြန်ဖြေလိုက်သည်။ ရှီမာယူယူသည် ဟိန်းသံလေးအား ခေါ်ပြီး အိမ်မက် လေးအား ခေါ်သွားရန် အမိန့်ပေးလိုက်သည်။

"ယူယူ ဘာလို့ အိမ်မက်လေးကို ဘာလို့ အဲလောက် ကြင်နာတာလဲ" အိမ်မက်လေး မရှိတော့သည်နှင့် ဖက်တီးကျူနှင့်တခြားသူများသည် သိချင်နေသော မေးခွန်းအား မေးလိုက်သည်။

ရှီမာယူယူသည် အိမ်မက်လေး၏ ဘဝအား ပြန်ပြောပြရာ အိမ်မက်လေး၏ ခါးသီးလှသော ဘဝအား ကြားသည်နှင့် အားလုံး စိတ်မကောင်းဖြစ်ကြသည်။

"အဲဒါကြောင့် မင်း သူမကို ကောင်းပေးတာကိုး၊ ငါသာဆိုရင် စိတ်တော်တော်မကောင်းဖြစ်မိမှာ" ဖက်တီးကျူ ပြောလိုက်သည်။

"အိမ်မက်လေးက အဲမှတ်ဥာဏ်တွေကို မသိဘူး၊ အဲဒါကြောင့် သူမကို မပြောပြမိစေနဲ့ နားလည်လား" ရှီမာယူယူ တိုက်တွန်းလိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now