အပိုင်း (၃၅၃) - သခင်လေးနှင့် တွေ့ဆုံခြင်း

2.6K 305 5
                                    

Zawgyi


"ဦးကြီးက ဘာပေးခိုင်းလိုက်တာလဲ" ဂေါင်လင်း မေးလိုက်သည်။ ထိုပစ္စည်းသည် ဘယ်လိုပင်ဖြစ်ပါစေ အရမ်းအရည်အသွေးမကောင်းလျှင်တောင် တခြားနယ်မြေက ပစ္စည်းများထက်တော့ သာလွန်မည်။ ထို့အပြင် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ ပစ္စည်းသည် ကြောက်စရာကောင်းမည်လား။ ယွန်ရိသည် ဂေါင်လင်း၏ စိုးရိမ်နေသော အမူအရာအားကြည့်ကာ ပြောလေသည် "ဒီအသက်အရွယ်နဲ့ ဘာတွေအဲလောက် စိုးရိမ် နေတာလဲ"

"ဟီးဟီးဟီ" ဂေါင်လင်းသည် သူ့ခေါင်းအနောက်ကို ပွတ်ကာ ပြောလေသည် "အစ်ကိုကြီး ယွန်ရိ ကျွန်တော့်ကို စရတာ တကယ်ကြိုက်တယ်ထင်တယ်"

"ဆေးတချို့ရယ်၊ ဝိဥာဉ်ပစ္စည်းနဲ့ တစ်ခါသုံး တည်ဆောက်မှုတွေပါ၊ မင်း တခြားဟာတွေ သုံးဖြစ်မယ် တောင် မထင်ဘူး" ယွန်ရိသည် မှော်ဝင်လက်စွပ်ထုတ်ကာ ဂေါင်ဖေဖေအား ပေးရင်းနှင့် ပြောလေ သည် "အားလုံး ဒီထဲမှာရှိတယ်"

ဂေါင်ဖေဖေသည် လက်စွပ်အားယူပြီး လက်စွပ်ထဲအား စွမ်းအား စုစည်းပြီး အာရုံစိုက်ကြည့်လိုက်ရာ အံ့သြသွားသဖြင့် ခဏအကြာမှပင် သတိပြန်ဝင်လာလေသည်။ "ဦးကြီးလို တောင်ကြားအပြင်က လူက ဘယ်လိုလုပ် ဒီလောက် ပစ္စည်းအများကြီး ယူရမှာလဲ"

"မင်းတို့ ဦးကြီးက လူကြီးမင်းတွေရဲ့ အချစ်ကိုခံရတယ်လေ၊ ပြီးတော့ ဒီပစ္စည်းတွေက သူ့ကို တောင်ကြားကနေ ဆုရာတာတွေထင်တယ် ငါထွက်လာတော့ မင်းတို့ဦးကြီးက အတွင်းပိုင်း တပည့်ဖြစ် တော့မယ်လို့ ကြားတယ်" ယွန်ရိ ပြောလိုက်သည်။

"တကယ်လား" ဂေါင်မိသားစုသည် ထိုသတင်းအားကြားလိုက်သောအခါ ပျော်ရွှင်မှုများ ပြည့်သွားလေ သည်။ သူတို့ဦးကြီးသည် တောင်ကြားအတွင်း ဝင်သွားပါက သူတို့မျိုးနွယ်များ၏ ထင်ပေါ်ကျော်ကြားမှု မြင့်တက် လာမည်။

ယွန်ရိ ခေါင်းညိမ့်လိုက်သည်။

"ကောင်းလိုက်တာ" ဂေါင်ဖူသည် စိတ်လှုပ်ရှားစွာ ထခုန်လေသည်။ သူတို့ ပျော်ရွှင်နေသည်ကို သူ ကြည့်ပြီးနောက် ယွန်ရိသည် ဘေးသို့ ကြည့်ကာ မေးလေသည် "ဒီလူတွေက မင်းတို့ မိသားစုက မဟုတ်ဘူး မလား"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now