အပိုင်း (၄၉၈) - ဘေဂုံမျိုးနွယ်မှ ပြဿနာများ (၄)

2.2K 273 9
                                    

Zawgyi


ဘေဂုံအောင်ပြောသည်ကို ကြားပြီးနောက် ရင်လန်သည် ဒေါသများထွက်ကာ ပြောလေသည် "ကျွန်မ က ဘေဂုံးမျိုးနွယ်မဟုတ်တော့တာ တော်တော်ကြာခဲ့ပြီ ရှင်က ဂူယွန်အာဆီက အကျိုးအမြတ်တွေယူ ကတည်း က ကျွန်မတို့ဆက်ဆံရေးကပြီးသွားပြီ"

"အောင်နဲ့ ကျွန်မက ချစ်ကြတာပါ" ဂူယွန်အာသည် ဘေးမှ ပြောလေသည် "ဒါတွေအားလုံးရှင့်ကြောင့်ပဲ ရှင်က အောင်နဲ့လက်ထပ်ပြီး ကျွန်မတို့အချစ်ရေးကို အရှက်မရှိ ဖျက်ဆီးလိုက်တာပဲ ရှင်က အောင်ကို ပိုင်ဆိုင်ချင် တိုင်းမပိုင်ဆိုင်ရတာတော့ နှမြောစရာပဲ"

"ဟား ဟား ဟား" ရင်လန်သည် ရယ်မောလေသည်။ သူမ အမူအရာသည် အေးစက်စွာ ပြန်ဖြေလေ သည် "ရှင်က ကျွန်မကိုအရင်ကတုန်းက ငတုံးလို့ထင်နေတုန်းလား ဘေဂုံအောင် က ကျွန်မကိုကာကွယ်ပေးတဲ့ တောက်ပတဲ့ သံချပ်ကာဆိုတာ ယုံတာလား၊ ရှင်က ကျွန်မကို အဲလိုအရှက်မရှိတာတွေမလုပ်ခဲ့ဘူးဆိုရင် ဒီဟာ တွေ ဖြစ်လာစရာအကြောင်းကိုမရှိဘူး၊ အဲတုန်းက ကျွန်မကမိုက်မဲပြီး ကိုယ့်ဘာသာကိုယ် အလိမ်ခံခဲ့တာ၊ အားလုံးကို လျစ်လျူရှုပြီး ရှင်နဲ့လက်ထပ်ခဲ့တာ ရှင်က ကျွန်မဆီက လျှို့ဝှက်ဆေးနည်းကိုယူချင်တယ်ဟုတ်လား နှမြောစရာပဲ၊ ရှင်က ကျွန်မကို နှစ်ပေါင်းများစွာပိတ်ထားပြီး ကျွန်မဆေးဖော်တာကို အကြိမ်ပေါင်းများစွာကြည့် လည်း ဘယ်တော့မှတတ်မလာဘူးလေ"

"ပါးစပ်ပိတ်" ရင်လန်သည် အားလုံးကိုဖော်ထုတ်နေသည်ကို ဘေဂုံအောင်မြင် သောအခါ လန့်သွားလေ သည်။ သူသည် ဘေးမှ အစောင့်များကို ပြောလေသည် "ဒီသားအမိ ၃ယောက်ကို ဖမ်းလိုက် ငါတို့ဘေဂုံမျိုးနွယ် တွေ ဒီတံခါးကနေ ဘယ်သူမှထွက်မသွားရဘူး"

"ဘယ်သူလုပ်ရဲလဲကြည့်ကြတာပေါ့" ရှီမာယူယူသည် ဘေဂုံထန်တို့ဘေးရပ်ကာ ပြောလေသည် "ငါ အရှက်မရှိတဲ့လူတွေ အများကြီးတွေ့ဖူးပါတယ် ဒီဘေဂုံမျိုးနွယ်လောက် အရှက်မရှိတာတော့မတွေ့ဖူးသေးဘူး၊ဘေဂုံ နင့်အမေနဲ့ မောင်လေးနဲ့ကိုခေါ်သွား လိုက်တော့"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now