အပိုင်း (၄၅၉) - ဖြတ်ကျော်ခြင်းနှင့် သွေးသားနိုးထလာခြင်း

2.3K 294 0
                                    

Zawgyi


သူတို့သည် ရှီမာယူယူပြောလိုက်သော စကားကိုကြားသည်နှင့် ဂဠုန်ကိုး၏ လက်များတုန်ယင်သွားကာ ငှက်လေးအား စိုးရိမ်စွာ ကြည့်လေသည်။

သူမသည်လည်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးပြီဖြစ်၍ မိုးကြိုးထိမှန်ခြင်းသည် မည်မျှ ကြောက် မက်ဖွယ်ကောင်းသည်ကို သိသည်။ ရှေးဟောင်း ကမ္ဘာဦးနယ်မြေများမှ အထွတ်အထိပ်မိစ္ဆာအများစုသည် မိုးကြို ကပ်ဘေးသည် ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် အသွင်မပြောင်းချင်ကြပေ။ အထွတ်အထိပ်မိစ္ဆာ အများစု ကျရှုံးကာ ပြာဖြစ်သွားသည်ကို ကြည့်ပြီး ကြောက်ကြသည်။

"အမေ မစိုးရိမ်ပါနဲ့ ကျွန်တော်လုပ်နိုင်တယ်ဆိုတာ ယုံပေးပါ" ငှက်လေးသည် သူမအား နှစ်သိမ့်လေ သည်။

"အင်း အကောင်းဆုံးလုပ်ရမယ်နော်" သူ့ဘာသာ ကျော်ဖြတ်ရမည့် ကိစ္စဖြစ်သည်ကို ဂဠုန်ကိုးသိသည်။ သူမ ပေးနိုင်သည့် အကြံမရှိပေ။

ရှီမာယူယူသည် ငှက်လေးအား ပြောလိုက်သည် "အကြီးအကဲတွေနဲ့ တခြားသူတွေ ဒီနေရာကနေ ထွက် သွားဖို့ ပြောရတော့မှာပဲ"

"ကောင်းပြီ" လေပြင်းဂဠုန်သည် လက်ရမ်းပြလိုက်ရာ ထိုတောင်ပံလေးခုငှက်များသည် တောင်ကြားမှ ပျံထွက်သွားကြပြီး ရှီမာယူယူပြောသော နေရာသို့ သွားကြလေသည်။

ရှီမာယူယူသည် ရှီမာလိုင်နှင့် တခြားသူများကို ကြည့်လိုက်သည်။ သူတို့သည် မိစ္ဆာပျံပေါ်တွင်ထိုင်ကာ မိုးကြိုးကပ်ဘေးလွတ်မည့်နေရာသို့ ထွက်သွားကြလေသည်။

"အမေ စိတ်မပူပဲ ကောင်းကောင်းသွားပါ" ငှက်လေးသည် မသွားချင်ဖြစ်နေသော ဂဠုန်ကိုးအား ပြော လိုက်သည်။ "ကျွန်တော် အဆင်ပြေမှာပါ"

"အင်း" ဂဠုန်ကိုးသည် မတတ်နိုင်ပဲ ငှက်လေးအား ပုတ်ပြီး ထွက်သွားရန် ပြင်လေသည်။ သူမသည် ရှီမာယူယူ ရှိနေသေးသည်ကို မြင်လိုက်ရာ ပြောလေသည် "မင်း ငါနဲ့လိုက်ခဲ့လို့ရပါတယ်"

"ကျွန်တော် ငှက်လေးကို စောင့်ရှောက်ဖို့ နေခဲ့မယ်" ရှီမာယူယူ ပြောလိုက်လေသည် "ကျွန်တော်တို့က စာချုပ်ဆက်ဆံရေးဆိုတော့ မိုးကြိုးကို အတူတိုက်ခိုက်နိုင်ရမယ်လေ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now