အပိုင်း (၅၁၅) - ကျောက်များဖြင့် လောင်းကစားခြင်း (၂)

2.3K 263 3
                                    

Zawgyi


ရှီမာယူယူ ခေါင်းမော့လိုက်ရာ ကျောက်ပြခန်းဆိုသည့် စာလုံးနှစ်လုံးကို အားအပြည့်ဖြင့် ရေးထားသည် ကို တွေ့လိုက်ရလေသည်။ ဘေးများတွင် အနည်းငယ်ဈေးပေါသော ရွှေ ဖြင့်ကွပ်ထားလေသည်။

"ကျောက်ပြန်ခန်း ဒီနေရာပဲဖြစ်လိမ့်မယ်" ရှီမာလိုင် ပြောလေသည်။

သူတို့သည် ထိုနေ့ထွက်မလာခင်တွင် မည်သည့်ကျောက်များသည် အကောင်းဆုံး ဖြစ်ကာ ဝိဥာဉ် ကျောက်ထုတ်နိုင်သည့် အခွင့်အရေးများသည်ကို တည်းခိုဆောင်တာဝန်ခံအား မေးလာခဲ့ကြသည်။ ထို့ကြောင့် ပင် တာဝန်ခံသည် သူတို့အား ထိုနေရာနှင့် မိတ်ဆက် ပေးခြင်းဖြစ်သည်။

"အဲဒီ ကျောက်ပြခန်းက ကျောက်လောင်းကစားနယ်ပယ်မှာ အကြီးဆုံးပဲ ပြီးတော့ ဝိဥာဉ်ကျောက်ထုတ် တဲ့ နေရာမှာလည်း အဆင့်အမြင့်ဆုံးပဲ၊ ရက်နည်းနည်းအတွင်းကို အဆင့်မြင့်တဲ့ ဝိဥာဉ်ကျောက်တွေကို ထုတ်နုငိ တယ် တခြားကျောက် လောင်းကစားပွဲ တွေလည်းမဆိုးပါဘူး ဒါပေမဲ့ အကောင်းဆုံး ဝိဥာဉ်ကျောက်တွေ လိုချင် ရင်တော့ ကျောက်ပြခန်းကို သွားတာအကောင်းဆုံးပဲ" တာဝန်ခံသည်ထိုသို့ ပြောခဲ့သည်။

သည်လိုနှင့် သူတို့အဖွဲ့သည် ထိုနေရာသို့ ရောက်လာခြင်းဖြစ်သည်။

"ကျောက်ပြခန်းက မဆိုးဘူးပဲ ငါအရင်က အတွင်းပိုင်းက ကျောက်ပြခန်းသွားဖူးတယ်၊ အဲမှာ ရှေးဟောင်း အချိန်တွေက ဝိဥာဉ်ကျောက်တွေ ထွက်လာတတ်တယ်" မိုဒိဆန်းပြော လေသည်။

"ဒါဆို ဝင်ရအောင်" ရှီမာယူယူ ပြောလိုက်သည်။

ဖက်တီးကျူနှင့် တခြားသူများသည် စိတ်လှုပ်ရှားကြကာ လိုက်ဝင်ကြလေသည်။ သူတို့သည် လမ်းတွင် ကျောက်များကို လောင်းကစားသည်နှင့်ပတ်သတ်ပြီး ကြားလာသဖြင့် အနည်းငယ်တော့ သဘောပေါက်ကြ ပြီဖြစ်သည်။ ထို့အပြင် သူတို့သည် မိုဒိဆန်း၏ သရုပ်မှန်ကို သိပြီးနောက် ကျောက်လောင်းကစားနှင့် ပတ်သတ် ပြီး ပို၍ စိတ်ဝင်စားကြသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now