အပိုင်း (၃၅၈)

2.4K 293 0
                                    

Zawgyi

အပိုင်း (၃၅၈) – မင်းခြေလှမ်းတွေ ဆက်ဆွဲနေရင် မင်းအမွေးတွေကို မီးလောင်တိုက်သွင်းမယ်

နှင်းဝံပုလွေမျိုးနွယ်ဝင်များသည် သူမအား ယုံကာ ထွက်သွားရန် မသွားရန် ဆွေးနွေးချိန်တွင် ရှီမာယူယူ နှင့် အဖွဲ့သည် အဆင့်၆ အံ့ဖွယ်မိစ္ဆာနောက်လိုက်ကာ ဝေးဝေးသွားလေပြီ။

နေ့တစ်ဝက်လောက် လျှောက်ပြီးချိန်တွင် ထိုမိစ္ဆာသည် ရပ်ကာ သူတို့အား ပြောလိုက်သည် "ငါ မင်းတို့ကို ဒီအထိပဲ ခေါ်ပေးလို့ရမယ်၊ ထပ်သွားရင် အစွယ်ကွေးကျားရဲ့ နယ်မြေပဲ"

"မင်းတို့ နယ်နိမိတ်က အစွယ်ကွေးကျားရဲ့ နယ်နိမိတ်နဲ့ နီးတာပဲလား" ရှီမာယူယူသည် အံ့သြစွာ မေး လေသည်။

"ဟုတ်တယ် တစ်ခုက ရေခဲဖြစ်ပြီး နောက်တစ်ခုက မီးဖြစ်ပေမယ့် ကြားမှာတော့ သိပ်မဝေးဘူး၊ ဘာလို့ အဲလောက်နီးနေတာလဲတော့ ငါလည်းမသိဘူး၊ ဒါပေမဲ့ တခြားတစ်ယောက်ရဲ့ နယ်နိမိတ်ကို မကျော်ကြဘူး" ထိုအံ့ဖွယ်မိစ္ဆာပြောလေသည် "မင်းတို့ တည့်တည့်လျှောက်သွားရင် ရပြီ"

ရှီမာယူယူခေါင်းညိမ့်ကာ ပြောလေသည် "ကောင်းပြီ ကျေးဇူးပဲ မင်း ပြန်သွားလို့ရပါပြီ"

"ငါလုပ်ရမယ့် ဟာပဲလေ" ထိုအံ့ဖွယ်မိစ္ဆာသည် ပြောပြီးနောက် ပြန်ထွက်သွားလေသည်။ သူတို့အား ခေါ်လာသည့်အရှိန်ထက် မြန်စွာ ထွက်သွားလေသည်။

ရှီမာယူယူနှင့် အဖွဲ့သည် ငှက်လေး၏ ကျောတွင်ထိုင်ကာ အရှေ့သို့ ခရီးဆက်ကြလေသည်။ သိပ် မကြာခင်တွင် အပူဟပ်လာသည်ကို ခံစားမိလိုက်ကြသည်။

"ဒီနေရာက တကယ်ထူးဆန်းတယ်၊ မတူညီတဲ့ ရာသီဥတုနဲ့ ဒါပေမဲ့ တစ်ခုနဲ့ တစ်ခု အရမ်းနီးတယ်၊ ဘာလို့ အချင်းချင်း မလွှမ်းမိုးကြတာလဲ မသိဘူး" ဖက်တီးကျူ သိချင်သွားသည်။

"ငါတို့် မသိသေးတဲ့ တခြားအကြောင်းရှိလို့နေမှာပေါ့" ရှီမာယူယူ ပြောလိုက်သည်။

သူမသည် ဂူအနောက်မှာ နေရာအကြောင်းစဉ်းစားမိလေသည်။

တစ်နာရီအကြာ ပျံပြီးနောက်တွင် တောင်တန်းကို သူမ မြင်လိုက်သည်။ သူတို့သည် အနီရောင် ဖြစ်ကာ မီးတောင်များလိုပင်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now