အပိုင်း (၄၉၆) - ဘေဂုံမျိုးနွယ်မှ ပြဿနာများ (၂)

2.1K 264 1
                                    

Zawgyi


ဘေဂုံရှုန်သည် မျက်နှာ ပျက်သထက်ပျက်လာသည်။ သူ့အား ဘယ်သူမှ ထိုကဲ့သို့ မပြောရဲကြပေ။ အထူးသဖြင့် မျိုးဆက်သစ်များဖြစ်ကြသည်။ အားလုံးသည် သူ့ရှေ့ရောက်လျှင် နာခံသော အမူအရာသာ ပြခဲ့ကြသည်။ သူမသည် သူ့အား ထိုကဲ့သို့ဆက်ဆံသော ပထမဆုံးလူဖြစ်ကာ ခြိမ်းခြောက်ခြင်းတောင်ပြုလိုက်သေး သည်။

အရင်ကဆိုလျှင် သူသည် ထိုကောင်မလေးကိုတွေ့မြင်ဖူးသည်။ သူမသည် ခေါင်းမာ သော်လည်း တစ်ယူမသန်ပေ။ သူမသည် ထွက်ပြေးပြီးနောက်တွင် များစွာပြောင်းလဲခဲ့သည်။

သို့သော် သူသည် ထိုပြောင်းလဲမှုကို စိုးစိမျှ မကြိုက်ပေ။

"မင်းအမေနဲ့မောင်လေးက သေသွားပြီလို့ အိမ်တော်ထိန်းဝမ်ပြောပြီးပြီလေ ဒီလိုလုပ်နေ လည်း အသုံး မဝင်ဘူး မင်း ဘေဂုံမျိုးနွယ်ရဲ့ မျိုးနွယ်ဝင်တစ်ယောက်အဖြစ် နေချင်သေး တယ်ဆိုရင် ဒီမှာပဲရပ်တော့ အပြင်မှာ နေပြီး အရှက်မခွဲနဲ့တော့" သူ ကြိမ်းမောင်းလိုက် လေသည်။

"အဘိုးတို့က အမေသေသွားပြီဆိုပြီး ကျွန်မဦးလေးကို လိမ်ခဲ့တာလေ ကျွန်မ အဘိုးကို ယုံမယ်ထင်နေ လား" ဘေဂုံထန်သည် ဘေဂုံရှုန်အား ကြည့်လိုက်သည် "ပြောပါ ဒီဟာက တကယ်ယုံစရာကောင်းလို့လား"

"ဒါအမှန်ပဲ"

"မှန်တယ်ဟုတ်လား တကယ့်အမှန်တရားက အဘိုးတို့က ရင်မျိုးနွယ်ရဲ့ လျှို့ဝှက် ဆေးနည်းကို ရဖို့ အတွက် ဘေဂုံအောင်ကို အမေနဲ့ လက်ထပ်အောင်လုပ်ပေးခဲ့တယ် အမေက အဘိုးတို့ရဲ့ လုပ်ဇာတ်ကို သိနေ တော့ ဆေးနည်းမပေးတာတော့ နှမြောစရာပဲ အဲဒါကြောင့်ပဲ သူမက အဲနှစ်တွေမှာ ကြိမ်းမောင်းခံရ အရိုက်ခံ ခဲ့ရတာ" ဘေဂုံထန်သည် အေးစက်စွာ ပြောလေသည် "အဲနှစ်တွေပြီးတော့လည်း အမေ့ဆီက လျှို့ဝှက်နည်း မရနိုင်ဘူးဆိုတာ သိလို့ ဘေဂုံအောင်ကို ရိချုံနန်းတော်က သခင်မလေးနဲ့လက်ထပ်ခိုင်းခဲ့တယ် ဂူယွန်အာက ကျွန်မတို့ဘဝကို ပိုဆိုးအောင်လုပ်ခဲ့တယ်၊ ပုံမှန်ကိစ္စတွေတောင်မှ အကြိမ်းမောင်းခံ အရိုက်ခံခဲ့ရတယ် ပြီးတော့ ဒဏ်ရာတွေက ကျွန်မတို့ရဲ့ နေ့စဉ်ဘဝဖြစ်ခဲ့တယ် ဘေဂုံမျိုးနွယ် ခေါင်းဆောင်ဖြစ်တဲ့ အဘိုးက မသိခဲ့ဘူးလို့ မပြောပါနဲ့"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now