အပိုင်း (၃၇၅) - အကုန်ရှင်းပစ်

2.5K 312 0
                                    

Zawgyi


သူမ ပြောလိုက်သော စကားကြောင့် အားလုံးလန့်သွားကာ သူမဘက်မှ လူများပင် အံ့သြသွားလေ သည်။ သူတို့ မတိုက်ဘူးဆိုရင် ဘယ်သူ တိုက်မှာလဲ။ ပြီးတော့ ဘယ်သူမှ လာတာလည်း မမြင်ပါဘူး။

"ဟားဟားဟား" တိမ်တိုက်ဂူသခင်သည် ထိုကဲ့သို့ အရူးကို မတွေ့ဖူးတဲ့ပုံနှင့် ရယ်မောလေသည်။ "မင်းက အံ့ဖွယ်နတ်ဆိုးတောင်ကြားက သခင်လေးလို့ ကြားတယ်... အဲသခင်လေးက အနည်းဆုံးတော့ ဥာဏ်ကောင်းမယ်လို့ ထင်ထားတာ အရူးဖြစ်လိမ့်မယ်လို့ ထင်မထားဘူး၊ မင်းတို့လူတွေ မတိုက်ဘူးဆိုရင် ဘယ်က လူတွေ လေထဲကရောက်လာပြီး ငါတို့ကို တိုက်မှာလဲ"

"ဟားဟားဟား" သူ့နောက်မှ လူများသည် ရယ်မောကြကာ သူမအား အရူးကဲ့သို့ လှောင်ပြောင် ကြလေသည်။

"မင်းတို့ကသာ ငတုံးတွေ" ရှီမာယူယူသည် သူတို့အား စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည် "ငါ့ ဘက်ကလူတွေကို မမြင်ဘူးလား၊ မိစ္ဆာဘုရင် နှစ်ကောင်ရှိတယ်"

"ဟင် မင်းမှာ မိစ္ဆာဘုရင်နှစ်ကောင်ရှိတော့ ဘာဖြစ်လဲ၊ သူတို့မျိုးနွယ်က ဒီကနေ အဝေးကြီးမှာ ရှိတယ် ဆိုတာ မသိဘူးထင်လား၊ မင်း သူတို့ကို အော်ခေါ်ရင်တောင် ကြားမှာမဟုတ်ဘူး" ကျန်မိသားစုဝင်များသည် နှင်းဝံပုလွေ၏ နယ်နိမိတ်မှာ အဝေးတွင် ရှိသည်ကို သိကြသည်။

"ငါတို့ လေအကုန်မခံတော့ဘူး၊ တိုက်ပွဲစကြမယ်" ရဲယုဖန်သည် ပြောပြီးသည်နှင့် သူ့အထွတ်အထိပ် မိစ္ဆာကို ခေါ်လေသည်။ ထိုမိစ္ဆာသည် ခေါင်းနှစ်လုံးမြွေဖြစ်ကာ အဆင့် ၂အထွတ်အထိပ်မိစ္ဆာဖြစ်သော်လည်း လူအသွင် မပြောင်းနိုင်သေးပေ။

"ဟာစွန် သူတို့နဲ့ ကစားပေးလိုက်" ရှီမာယူယူ ပြောလိုက်သည်။

"ကောင်းပြီ" ဟာစွန် ခေါင်းညိမ့်ကာ မိုးပေါ်သို့ ခုန်လိုက်ကာ အသွင်ပြောင်းပြီး နောက် ခေါင်းနှစ်လုံး မြွေဆီသို့ ဦးတည်သွားလေသည်။

"အသွင်ပြောင်း အထွတ်အထိပ်မိစ္ဆာပဲ" ပညာရှိစံအိမ်တော်နှင့် တိမ်တိုက်ဂူမှ လူများ နောက်ဆုတ်သွား ကြသည်။ သူတို့သည် ဟာစွန်အား သူမဘေးတွင် မြင်ဖူးသော်လည်း အထွတ်အထိပ်မိစ္ဆာဖြစ်သည်ကို မသိကြ ပေ။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now