အပိုင်း၂၂

8.1K 639 50
                                    

Unicode

ဒီနေ့ရက်သည် ရှောင်ဟန် အတွက် အပြင်ထွက်ခွင့် ခွင့်ပြုချက် ရထားသည့် နေ့ရက်ပင် ဖြစ်သည်။ယနေ့
သည်ကား မွေးစားအဖေ၏ ရုံးပိတ်ရက်ဖြစ်သော်လည်း
အသိမိတ်ဆွေတစ်ယောက်၏ ချိန်းဆိုမှုကြောင့် မနက်အစောပိုင်းကတည်းက ထိုချိန်းဆိုမှုကို တွေ့ဆုံရန်အတွက် ထွက်သွားပြီ ဖြစ်သည်။ ရှောင်ဟန်ကိုလည်း သူကမအားသောကြောင့် ကျိုးယွင်နှင့်သာ အပြင်ထွက်စျေးဝယ်ရန် ခွင့်ပြုလိုက်သည်။
အရင်အပတ်များတွင်သာ ကျိုးယွင်နှင့်အတူ စျေးဝယ်ရသည်ကို ရှောင်ဟန်က တွန့်ဆုပ်နေမိခဲ့သော်လည်း ယနေ့သည်ကား မတူညီပါချေ။ မည်သည့်အတွက်ကြောင့် ဆိုရလျှင်  ဒီနေ့ရက်တွင် ရှောင်ဟန်က အစားအသောက်များနှင့် အဝတ်အစားများကို ဝယ်ရန် မဟုတ်သည့်အတွက်ကြောင့်သာ ဖြစ်သည်။
ရှောင်ဟန်သည် အရင်နေ့ရက်များနှင့်မတူဘဲ အပြင်ထွက်ရန် တက်ကြွနေမိသည်။ သူ၏ အသည်း snow လေး အတွက် ကြောင်စာဝယ်ပေးရမည် ဖြစ်သည့် အတွက်ကြောင့်သူသည် မနက်အစောပိုင်းကတည်းက အပြင်ထွက်ရန်အသင့် ဖြစ်နေပြီဟုဆိုရပေမည်။

အရင်နေ့ရက်များတွင် သူ့အတွက် အပြင်ထွက်ရန် 
ခွင့်ပြုရက်ရရှိသည့်နေ့ မရောက်ရှိသေးသည့်အတွက် snow လေးအတွက် ကြောင်စာကို အားယွင်လေးကပဲ အပြင်မှ ဝယ်​ပေးခဲ့တာ ဖြစ်သည်။ ရှောင်ဟန်က သူ့ snow လေးအတွက် ကျိုးယွင်ဝယ်ပေးတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ တစ်ခါလောက်ဝယ်ပေးချင်သည့်အတွက်ကြောင့် ယနေ့လို နေ့ရက်မျိုးကို လက်ချိုးရေတွက်ပြီး စောင့်ဆိုင်းနေခဲ့ရတာဖြစ်၏။

ယခုလည်း စျေးဝယ်ထွက်ရန်အတွက် ရှောင်ဟန်သည် ကျိုးယွင်ကို ကားထဲ၌သာ ထိုင်ကာစောင့်နေရသည်။ အစောတုန်းကတည်းက  ကျိုးယွင်သည် စျေးဝယ်ထွက်ရန်အတွက် ကားတံခါးကိုပင် ဆွဲဖွင့်ပြီး အထဲဝင်ထိုင်ရန် ပြင်ဆင်ပြီးသားဖြစ်သော်လည်း အဘယ်ကြောင့်ရယ်မသိ သူ့ကို တစ်ချက်ကြည့်လာပြီး "ခဏလေး...ကော..." ဟုဆိုပြီး အိမ်တော်ကြီးထဲသို့ပြန်ဝင်သွားတာဖြစ်၏။

ရှောင်ဟန်သည် ယခုချိန်ထိ ပြန်ထွက်မလာသေးသည့် ကျိုးယွင်ကို လည်တဆန့်ဆန့်​ဖြင့်စောင့်ဆိုင်းနေရတာဖြစ်ပြီး စိတ်ထဲတွင်လည်း မဆိုစလောက် တဗျစ်တောက်တောက် ပွား၍နေမိသည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now