Hyung

2.9K 204 15
                                    

Unicode

ည၈နာရီအချိန်..

အခန်းထဲမှာ Baek Hyun ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်..။

တစ်ခါတစ်လေ စာကြည့် စားပွဲပေါ်တင်ထားသည့်
စာရွက် တစ်ထပ်လိုက်ကြီးကိုကြည့်ပြီး ခေါင်းတစ်ခါခါ နဲ့..။

သက်ပြင်းမောတွေလဲချနေမိသည် ။

မဖြစ်တော့..ဘွဲ့ကလဲတစ်ဘွဲ့ရပြီးနေပြီပဲကို...။

ဒီဘွဲ့မရလဲ ဘာဖြစ်မှာ မို့လို့လဲ..?
လွှတ်ချလိုက်ရင်အားလုံးငြိမ်းချမ်းသွားလိမ့်မည် ။

အဲ့သလိုမျိုး မွန်းကြပ်နေသည့်စိတ်အစဉ်နဲ့အတူ ဖုန်းဖွင့်ကာဖြင့် search listထဲ Park Chan Yeol ဆိုသည့် နာမည်ကိုရိုက်ထည့်ကာဖြင့် မေးချင်တာ မေးဖို့ရာပြင်ဆင်လိုက်သည် ။

/ Chan Yeol hyung..ကျွန်တော်မေးစရာလေးရှိလို့ပါ..ကျောင်းနားဖို့ကိုလေ ဘယ်လိုတွေလျှောက်ရမလဲဟင်..?/

အခုရက်ပိုင်းအတွင်း အမြဲတစ်စေ စိတ်ထဲမှာ တင်းကြပ်နေသည့်ကိစ္စတစ်ခုရဲ့အဆုံးသတ်မှာ အခန်းထဲကကျောင်းနားဖူးခဲ့သည့်အစ်ကိုကြီးဆီ သိချင်တာလေး မေးဖြစ်လိုက်သည် ။

ဒီလိုမေးဖို့ကို မနေ့ညကတစ်ညလုံးခေါင်းပေါက်အောင်စဉ်းစားခဲ့သည် ။
ဘယ်သူ့ကိုမှလဲမတိုင်ပင်ဖြစ်။
omma ကိုပြောရင်လဲ ဘယ်လိုမှ လက်ခံမှာမဟူတ် ။

ပညာရေးကိုအလွန်တရာမှလိုလိုလားလားရှိလှသည့်မိဘတွေက ၇ နှစ်တာ ခရီးလမ်းကိုကျေကျေလည်လည်လျှောက်လှမ်းပြီး နောက်ဆုံးတစ်လအလိုမှ လက်လျှော့ချင်နေသည့်သူတိူ့သားငယ်လေး၏ အလိုကို ဘယ်လိုမှ လိုက်လျောပေးမှာမဟုတ်..။

တစ်ဖက်မှာလဲ ပြီးခဲ့သည့်လပိုင်းအလွန်လေးကမှ ရေးချင်လွန်းလှပါချည်ရဲ့ဆိုပြီး ဖျတ်ဖျတ်ကိုလူးပြီးတင်ခဲ့သည့်thesisခေါင်းစဉ်က အခု တကယ်ရေးရသည့်အခါကျမှ
တိုင်တွေပတ်ပြီးရေးဖို့လဲ မတတ် နားလည်မလည်ပဲ အကျပ်ရိုက်နေရသည် ..။

Deadlineကနောက်လမှဆိုပေမယ့်လဲ အခုလောလောဆယ် တင်းကြပ်နေသည့်စိတ်တွေများပြေလျော့သွားမလားရည်ရွယ်ပြီး ကျောင်းနားဖိူ့အရေး ကို တွေးမိနေခြင်းဖြစ်သည် ။

One Shot & mini storiesWhere stories live. Discover now