Toxic 7

767 96 17
                                    

မနက်၁နာရီကျော်အချိန်....

တိတ်ဆိတ်ငြိမ်သက်ကာ အမှောင်ထုသာစိုးမိုးနေသည့် အိမ်တော်၏ အောက်ထပ် အခန်း
တစ်နည်းဆိုရလျှင် Byun Baek Hyun၏ အခန်းထဲ Chan Yeol ရောက်နေသည်။

အိပ်နေရမည့်အချိန် အိပ်မပျော်ပဲ လွင့်ချင်ရာလွင့်ပြီး‌နောက်ဆုံး စိတ်ထဲမှာ အချိန်ပြည့်နေရာပေးထားမိသူ၏ အငွေ့အသက်တွေ ကွန်းခိုနေရာ နေရာသို့ သူ့အငွေ့အသက်တွေဖမ်းဆုပ်ဖို့ရာ ရောက်ရှိနေခြင်းဖြစ်သည်။

ဒီဆယ်နှစ်တာကာလမှာ သူ့ကိုကိုယ့်ရဲ့အခန်းထဲကိုသာ အမြဲတစ်စေ ခေါ်ဆောင်ခဲ့တာကြောင့် ဒီအခန်းတည်ရှိရာသို့ခြေဦးလှည့်ဖြစ်ခဲ့သည့်အကြိမ်အရေအတွက်ကလက်ချိုးရေလို့ရအောင်နည်းပါးလွန်းသည်။

အတ္တတွေ မိုးပေါ်တက်ခဲ့သည့်အချိန်တွေတုန်းက သူဘယ်လိုနေသည်ထိုင်သည်ဆိုတာစိတ်မ၀င်စားခဲ့ ။

အခုတော့ သူ့အခန်းထဲက အိပ်ရာခင်းအရောင်က ဘာအရောင်လဲဆိုတာကိုတောင်စိတ်၀င်တစားကြည့်တတ်ခဲ့ပြီဖြစ်သည်။

အချိန်ဆိုသည့်အရာက ကိုယ့်လိုလူတစ်ယောက်ကိုပင် ကြောက်မက်ဖွယ်ကောင်းသည့်အထိပြောင်းလဲနိုင်ခဲ့မှန်း နောက်ထပ်တစ်ကြိမ်လက်ခံခဲ့ရပြန်သည်။

/ ငယ်ငယ်တုန်းကလဲ ချစ်ဖို့ကောင်းတာပဲ ... /

လူမရှိသည့်အခန်းထဲမှာ သူ့အငွေ့အသက်တွေကို လိုက်လံဖမ်းဆုပ်ရင်းနဲ့
ကုတင်ဘေးက ခုံပေါ်မှာ တင်ထားသည့်ဓာတ်ပုံတွေဆီ စိတ်၀င်တစ်စားနဲ့ကြည့်ရှုလိုက်ရာတွင် သူတစ်ယောက်တည်းပုံတွေ...
သူငယငယ်တုန်းက သူ့အဖေနဲ့တွဲရိုက်ထားသည့်ပုံတွေကို တွေ့ရသည်။

အရင်တုန်းကလဲ ဒီပုံတွေကြည့်ခဲ့ဖူးပေမယ့်ဒီတခေါက်လောက်စိတ်၀င်စားမှုမရှိခဲ့ ။

ဓာတ်ပုံတွေသာမက ဒီအခန်းထဲကဘယ်အရာကိုမှ စိတ်မ၀င်စားခဲ့ရာကနေ အခုတော့အရာအားလုံးပြောင်းပြန်ဖြစ်နေခဲ့သည်။

ကုတင်ပေါ်ထိုင်ချရင်း အိပ်ရာခင်းကိုလက်နံ့ဖွဖွထိတွေ့ဖြစ်သည်။

Byun Baek Hyunရဲ့အငွေ့အသက်တွေက လက်ဖျားကနေတစ်ဆင့် နှလုံးသားထဲအထိစိမ့်၀င်လာခဲ့သလို ။

One Shot & mini storiesWhere stories live. Discover now