Toxic 13

852 82 5
                                    

"လူသတ်ရန် ကြိုတင်ကြံစည်မှု...
လူသတ်ပြီး အလောင်း‌ဖျောက်ရန် ကြံစည်မှုတို့ဖြင့် Lee Chaung Hwaသည် ပြစ်မှုထင်ရှားသောကြောင့် ‌ထောင်ဒဏ် အနှစ် ၂၀ ကျခံစေ ..."

တရားခွင်အတွင်းတွင် ထင်ရှားရှင်းလင်းစွာ ပျံ့လွင့်လာသော တရားသူကြီး၏ အမိန့်ချသံနောက်တွင် မျက်လုံးရှေ့မှောက်ဆီက အသက်အရွယ်အတော်လေး အိုမင်းနေပြီဖြစ်သည့် တရားခံအဘိူးကြီးကိုBaek Hyun တစ်ချက်ကြည့်လိုက်သည် ။

အခုတောင် အသက်၇၀နားနီးနေတာကို
ထောင်ဒဏ် အနှစ်၂၀ ကျခံစေဆိုတာ တစ်သက်လုံးထောင်ထဲမှာနေခိုင်းတာနဲ့အတူတူပင် ။

လွတ်ငြိမ်းချမ်းသာခွင့်မရှိစေရေ
အသက်ကြီးလို့ဆိုပြီး အထူးသက်သာခွင့်မရှိစေရ ။

တရားခွင်ကိုလဲ Chan Yeolကိုပြန်ပေးဆွဲပြီးသည့်နောက် ၃ရက်အတွင်း ရအောင်လုပ်ပြီး ပြစ်မှုစီရင်ခိုင်းစေခဲ့သည် ။

ဒါတွေအားလူံး Park အိမ်တော်ရဲ့ဩဇာအာဏာကိုသုံးကာ Baek Hyun အကုန်အကွက်ကျကျ စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

Park Chan Yeolကို ရာရာစစ ထိပါးခဲ့ခြင်းအတွက် အပြစ်ဒဏ်တွေဖြစ်သည်။

အသက်ကြီးလို့ဆိုပြီးသနားညှာတာမှုတွေBaek Hyunစိတ်ထဲရှိမနေ ။

သူတို့ညီမ
သူတိူ့သမီးသာလျှင် အပြစ်ရှိသူ ဖြစ်နေလျက် ရာရာစစ Baek Hyun နှလုံးသားတစ်ခုလုံးကို ခြေမွဖျက်ဆီးဖို့ကြိူးစားခဲ့ကြသည့်လူနှစ်ယောက်ကို သနားညှာတာစိတ်တွေအလျဉ်းကင်းမဲ့နေသည် ။

အစ်ကိုဖြစ်သူကို တစ်ချက်လွှတ်အမိန့်ဖြင့်ရှင်းလင်းစေခဲ့ပြီး အဖေဖြစ်သူကို ထောင်ကျစေလိုက်သည်။

တပည့်တွေစုံစမ်းစစ်ဆေးချက်အရဆိုလျှင်
ထိုသားအဖနှစ်ယောက်စွပ်စွဲခဲ့သလိုမျိုး Park Chan Yeolက သူတိူ့ညီမ၊ သူတိူ့သမီးကို ပတ်သက်ခဲ့တာမျိုးမဟူတ်ပဲ ထိုအမျိုးသမီးသာလျှင် Park Chan Yeolရဲ့ရုပ်ပြင်သွင်ပြင်အပေါ်မှာ တိမ်းညွှတ်ယိမ်းမူးကာ တစ်ဖက်သတ်ကြိုးစားခြင်းတွေစတင်ခဲ့တာဖြစ်ပြီး Park Chan Yeol‌ဆီက အသိအမှတ်ပြုမှုတွေ ၊သတိထားမှုတွေတစ်စုံတစ်ရာ မရရှိခဲ့တဲ့အချိန် မျှော်လင့်ထားတာတွေဘာမှ ဖြစ်မလာ‌‌တော့သူ့ဘာသူ လောကကြီးထဲကထွက်သွားဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

One Shot & mini storiesWhere stories live. Discover now