Toxic 6

787 95 9
                                    

1 week later....,

ဒီနေ့ခေါင်းဆောင်နဲ့အလုပ်ကိစ္စတိုင်ပင်ဆွေးနွေးစရာ ရှိတာကြောင့်  စံအိမ်တော်ရဲ့ ဧည့်ခန်းကျယ်ကြီးမှာ SeHun ရောက်နေသည်။

ပစ္စည်းအရောင်းအ၀ယ်ကိစ္စတစ်ခုအတွက် လုံခြုံရေးယူဖို့ အစီအစဉ်ကို တိုင်ပင်ဆွေးနွေးကြခြင်းဖြစ်သည်။

အလုပ်ကိစ္စပြောဆို ကြပြီးသည့်နောက် ဘယ်နှစ်လိပ်မြောက်မှန်းမသိတော့သည့် ဆေးလိပ်အသစ်တစ်လိပ်ကို မီးညှိဖို့ပြင်နေသည့်ခေါင်း‌ဆောင်ကိုကြည့်ပြီးSeHun သက်ပြင်းတစ်ချက်ချမိလိုက်သည် ။

ဒီနေ့ Baek Hyun hyung ဆေးရုံကနေ ထွက်ခွာသွားခဲ့တာ တစ်ပတ်တင်းတင်းပြည့်သည့်နေ့ ။

သို့သော် Baek Hyun hyungရဲ့ ပုံရိပ်တွေဤစံအိမ်တော်ကြီးမှာ အရင်လိုမတွေ့ရ။

အတိအကျပြောရရင် hyungကိုထွက်သွားခိုင်းပြီးတစ်ရက်တင်းတင်း ပြည့်သည့်အချိန်ကနေ စတင်လိုက်ရှာ မည်ဆိုပါသော ခေါင်းဆောင်ဆိုသည့်SeHun အရှေ့တူရုက ပုဂ္ဂိုလ်က Baek Hyun hyungကို ရှာတွေ့ခဲ့ပါရက်သားနဲ့ ထူးဆန်းဖို့ကောင်းအောင်ပင် သည်နေ့သည်အချိန်အထိ မျက်စိမှိတ်ပြီး hyungကို ရှာမတွေ့သယောင် နေနေခြင်းဖြစ်သည်။

သူ့နှုတ်ထွက်စကားတစ်ခွန်းဆိုတစ်ခွန်းကမ္ဘာကြီးပြိုပျက်ကျသွားပါစေ...
အဆုံးတိုင်လိုက်လုပ်လေ့ရှိသည့်လူက ထူးထူးဆန်းဆန်း hyungကိုဒီတိုင်းလွှတ်ပေးထားတော့ တော်တော်လေးအံ့ဩမိသည်။

အကြောင်းပြချက်က ဘာလို့ဆိုတာမသိပေမယ့် hyung မရှိတော့ကတည်းကဒီတစ်ပတ်လုံး ဆေးလိပ်မီးခိုးတွေကို တောင်တန်းကြီးတွေလောက်အထိ ရှိုက်ဖွာကာအမြဲတမ်း မျက်နှာ သုန်မှုန်နေတာကြောင့် ခေါင်းဆောင် ဘယ်လိုမှ အဆင်မပြေမှန်းသိသည် ။

သူဒီလိုဖြစ်နေရခြင်း အကြောင်းပြချက်ကို ဂဃနဏ‌ေသချာမသိပေမယ့် စိတ်ထဲ ထင်နေတာ တစ်ခုတော့ရှိတာကြောင့် ကိုယ့်နေရာကိုယ်မသိလို့ပဲဆိုဆို လမ်းကြောင်းလေးတစ်ခုတည့်မတ်သွားဖို့ရာ SeHunစကားစမိလိုက်သည်။

"ခေါင်းဆောင်...
Baek Hyun hyungကိုလေဒီတိုင်းကြင်ကြင်နာနာလေးဆက်ဆံပေးလို့မရဘူးလား ? "

One Shot & mini storiesWhere stories live. Discover now