Toxic 11

932 75 7
                                    

Byun Baek Hyun နဲ့ အရင်က တစ်ခါမှ မလုပ်ခဲ့ဖူးသည့် ကိစ္စတွေကို လုပ်ဖို့အစီအစဉ်ထဲတွင် ဒီနေ့ညစံအိမ်တော်ပြန်မအိပ်ပဲ ကော်ဖီဆိုင်ကအပြန်
ဆော့ဖိုက အပန်းဖြေအိမ်မှာ သွားအိပ်ဖို့အစီအစဉ်လဲ တစ်ခုအပါအ၀င်ဖြစ်သည်။

ဒီအိမ်က appaရှိစဉ်ကတည်းက Park မိသားစု၏ အနားယူ စရာအိမ်တော်အဖြစ်ရွေးချယ်၀ယ်ယူခဲ့ခြင်းဖြစ်သည်။

Appaဆုံးပြီးနောက်ပိုင်း Chan Yeolလဲ တစ်ခါမှ မရောက်ဖြစ်ခဲ့ ။
Byun Baek Hyun ကိုယ့်ကိုမေတ္တာပြန်ပေးလာအောင်လုပ်မယ့်အစီအစဉ်ဆွဲလိုက်မှသာ ဒီအိမ်ကChan Yeol ရဲ့အလိုရှိရာတွေထဲကတစ်ခုဖြစ်သွားသည်။

ပင်လယ်ကမ်းခြေကို အရှေ့ဘက်မှာမျက်နှာမူထားသည့်ဒီအိမ်ရဲ့တည်နေရာက
Chan Yeolငယ်ငယ်ကနေထွက်လာတာကိုရော နေ၀င်လာတာကိုရောအမြဲစောင့်ကြည့်နေကျနေရာတစ်ခုဖြစ်သည်။

တစ်ယောက်သောသူရဲ့ ဟိုးလွန်ခဲ့သော ဆယ်နှစ်ဆီက ဒိုင်ယာရီစာအုပ်ထဲမှာတွေ့ရှိခဲ့သည့်
လက်ရေးခပ်သော့သော့ထဲက အကြောင်းအရာတစ်ခုကြောင့် ဒီအိမ်ကိုလာဖို့အစီအစဉ်ဆွဲမိလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းတွေကတည်းက အိမ်အကူတွေကိုအိမ်ရှင်းထားခိုင်းတာကြောင့် အိမ်ကရှင်းလင်းကာ အဆင်ပြေပြေနေလို့ရသည်။

ငယ်ငယ်ကChan Yeolဒီရောက်ရင် တည်းနေကျ အခန်းကျယ်ကြီးထဲက ပင်လယ်ပြင်ကြီးကို မျက်နှာမူထားသည့် ‌အနေအထားမှာ
ဒီနေ့ည ချစ်သူနဲ့အတူ အိပ်စက်ဖို့ ကုတင်ကျယ်ကြီးကိုပါပြင်ဆင်ခိုင်းထားသည်။

လောလောဆယ်တော့
Chan Yeolချက်ကျွေးတဲ့ ထမင်းဟင်းတွေကိုစားသောက်ပြီး ပန်းကန်ဆေးမည်ဆိုကာ ဘေစင်မှာ သွားဆေးနေသည့် သူ၏ ကျောပြင်က်ုသာ အကြည့်ပို့ထားမိသည်။

သူနဲ့အတူတူ ပျော်ဖို့ကောင်းသည့်ညကလေးကိုဖန်တီးဖို့ရာအတွက်Chan Yeolဒီထက်ပိုပြီးမစောင့်ဆိုင်းချင်တော့ ။

ပင်လယ်လှိုင်းသံငြိမ့်ငြိမ့်ညောင်းညောင်းကိုနားထောင်ပြီး မနက်ခင်းနေထွက်တာကို ကြည့်ဖို့ဆိုလျှင် စောစောအိပ်ထားမှ ရမည်။

စောစောအိပ်နိုင်ဖို့ဆိုလျှင် Chan Yeol ဖြစ်ချင်တာတွေကို အခုလုပ်ငန်းစမှဖြစ်မည် ။

One Shot & mini storiesWhere stories live. Discover now