Toxic 12

751 91 15
                                    

"hyung ....! "

စံအိမ်ရှေ့က အလှပန်းအိုးတွေကို နေရာတကျဖြစ်အောင် ပြန်လည်စီစီရီရီလုပ်နေတုန်း နောက်ကျောဘက်ဆီကနေ အလျင်အမြန်ပြေးလာသည့် ခြေသံကြားလို့လှည့်ကြည့်လိုက်တော့ Se Hunကို‌တွေ့လိုက်ရသည် ။

အတော့်ကို ပြာယာခတ်နေသည့် မျက်နှာအနေအထားဖြစ်နေတာကြောင့် ဂိုဏ်းထဲမှာကိစ္စအထွေအထူးတစ်ခုတော့ရှိနေပြီဖြစ်ကြောင်းသိလိုက်သည် ။

"ဘာဖြစ်လို့လဲ SeHunee. ..? "

"ခေါင်းဆောင်...ခေါင်းဆောင်ပျောက်နေလို့ ...! "

"ဘာကြီး ...! ? "

"ခေါင်းဆောင်ပျောက်နေလို့ hyung ...! "

"သေချာလား ...? "

"ဟုတ်ကဲ့...အဆက်အသွယ်မရတာ တစ်နာရီ ကျော်လောက်ရှိပါပြီ...၀ယ်လက်နဲ့ချိန်းထားတာလဲ ရောက်မလာဘူးတဲ့ ...."

အမောတကောနဲ့အနားရောက်လာသည့် SeHun ဆီက ကြားလိုက်ရသည့်သတင်းစကားက Baek Hyun တစ်သက် တစ်ခါမှ မကြားဖူး မကြုံဖူးသည့် ကိစ္စတစ်ခုဖြစ်နေသည် ။

တစ်သက်လူံး ကိုယ့်ကိုအနိုင်ကျင့်လိုက်
ကိုယ်က နွားကျခံလိုက်နဲ့လုံးလည်ချာလည်လိုက်နေသည့် ဘ၀ကြီးမှာ ထိုလူကို အဆက်အသွယ်မရဆိုသည့်ကိစ္စက အခုမှ ပထမဆုံးကြားဖူးတာပင် ။

ထူးဆန်းလွန်းလို့ Baek Hyun မယုံနိုင်ဖြစ်ရပြီး အသိစိတ်တွေမနည်း စုစည်းလိုက်ရသည် ။

မြေကြီးတစ်ချို့ပေကျံနေသော လက်နှစ်ဖက်ကို ဖုတ်ဖတ်ခါလိုက်ပြီး ဖုန်းထုတ် ဆက်လိုက်သည် ။

Park Chan Yeol ဆိုသော ဖုန်းနံပါတ်ကို နှိပ်လိုက်ပေမယ့် ဖုန်းပိတ်ထားသည်ဆိုသောအသံနဲ့သာတိုးသည် ။

နောက်တစ်ခေါက်ဆက်တော့လဲ ဖုန်းပိတ်ထားသည်ဆိုသော အသံသာထွက်လာသည် ။

ဖုန်းဆက်ရလောက်သည်အထိ ဆက်ဆံရေးကောင်းတာမျိုးမဟုတ်ကြပေမယ့် ဖုန်းဆက်ဖို့လိုအပ်သည့်အချိန်တိုင်းမှာတော့ ဖုန်းပိတ်ထားသည်ဆိုတာမျိုးတစ်ခါမှ မရှိခဲ့ဖူးတော့ Baek Hyun ခေါင်းတွေချာချာလည်လာသည်။

နာမည်ရှိဂိုဏ်းခေါင်းဆောင်တစ်ယောက်အတွက် ဒီလို အခြေအနေမျိုးကသေလောက်အောင် အန္တရာယ်ရှိနေနိုင်သည့် အခြေအနေဆိုတာ ဒီလောကထဲကလူတွေအကုန်သိသည်။

One Shot & mini storiesWhere stories live. Discover now