Give me the last chance (2)

1K 138 11
                                    

Unicode

ည၈နာရီကျော်အချိန် ဟန်မြစ်ကမ်းဘေးနား ဆိုဂျူတစ်ပုလင်းနဲ့တစ်ကိုယ်တော် ပူဆွေး၀မ်းနည်းခန်းဖွင့်နေသည် ။

ဒီနေ့ ဘာတစ်ခုမှ အဆင်မပြေသလိုခံစားရသည် ။
အလုပ်မှာ အမှားတွေလုပ်မိတာရယ် ..
အရာရာကိုperfectဖြစ်ချင်သူမို့ အဲ့အမှားလုပ်မိတာတွေကိုပဲစိတ်ထင့်ကာ လူကနေရတာမပျော်တော့
တွေးတွေးပြီးစိတ်ပျက်မိသည် ။

ထို့ကြောင့် ရုံးဆင်းတာနဲ့ အိမ်မပြန်ပဲ ဟန်မြစ်ဘေးနားလာထိုင်နေခြင်းဖြစ်သည် ။

အရွယ်ရောက်လူလားမြောက်ပြီးချိန်ကစ၍ တစ်ခုခု၀မ်းနည်းစရာရှိလျှင် အရက်သောက်ပြီးသာ ဖြေဖျောက်ဖြစ်သည် ။

အရင်တုန်းက သူငယ်ချင်း‌တွေကို ချိန်းပြီးစုသောက်ဖြစ်ပေမယ့်ဒီနေ့တော့တစ်ယောက်တည်းသာနေချင်၍ ဘယ်သူမှခေါ်မနေတော့ ။

မြစ်ကမ်းစပ်မှာတဝူးဝူးတိုက်ခတ်နေသည့်လေတွေကြားထဲ ဆိုဂျူကိုသာတစ်ငုံပြီးတစ်ငုံမော့သောက်နေလိုက်သည် ။

ပူပူခါးခါးဆိုဂျူတွေ လည်ချောင်းထဲ ၀င်လာတော့ ခံစားနေရသမျှတွေက နည်းနည်းတော့သက်သာသွားသလိုပင် ။

ဟန်မြစ်ကမ်း၀န်းကျင်မှာတော့ ဈေးဆိုင်တွေရယ် လာရောက်အပန်း‌ဖြေကြသူတွေနဲ့စည်ကားလျက်ရှိသည် ။
တစ်ချို့လဲ မိသားစုနဲ့
တစ်ချို့လဲ သမီးရည်းစားအတွဲတွေ
တစ်ချို့ကျ သူငယ်ချင်းအုပ်စူလိုက်

တစ်ယောက်တည်း အဖော်မဲ့ဖြစ်နေတာ ကျွန်တော်တစ်ဦးတည်းဖြစ်မည်ထင်သည် ။

/ လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ.. /

"အင်း ..မကိုင်ဘူးဆိုတာသိသားပဲ..
တမင်ခေါ်ကြည့်တာ /

Baek Hyun ဆိုသည့် contactတစ်ခုဆီ
အကျင့်ပါနေသည့်လက်တွေက နှိပ်မိပြန်တော့ ထုံးစံအတိုင်း လူကြီးမင်းခေါ်ဆိုသည့် ဖုန်းကသတ်မှတ်ချိန်ကျော်လွန်သွားပါသည် ဆိုပြီးအော်နေသည့် အမျိုးသမီးအသံကသာ ဆီးကြိုနေသည် ။

သူဂျပန်ကပြန်ရောက်ပြီးဒီသုံးလအတွင်း လိုင်းပေါ်ကဖြစ်စေ ရိုးရိုးဖုန်းကဖြစ်စေ ခေါ်ဆိုသည့်အခါတိုင်း တစ်ခါမှ မကိုင် ။
ကျွန်တော်ကလဲ အမှတ်မရှိ ဆက်လေ့ရှိပါသည် ။

One Shot & mini storiesWhere stories live. Discover now