Toxic 5

686 98 8
                                    

Baek Hyun hyung ဆေးရုံမှာ ငြိမ်သက်စွာလှဲလျောင်းနေသည့် ၅ရက်မြောက်.....

နောက် ၂ရက်နေရင် ဆရာ၀န်ပြောသည့်အတိုင်း ကိုမာ၀င်သည့်အခြေအနေကို ကူးပြောင်းတော့မှာမို့SeHunစိတ်ပူနေရသည်။

"Hyung....အခုမထရင် ရေခဲမူန့်တွေကျွန်တော်အကုန်စားလိုက်တော့မှာနော်..."

ဆေးရုံမှာ သတိလစ်မျောနေသည့်လူနာတွေဘေး သူတိူ့နဲ့သက်ဆိုက်သည့်အကြောင်းအရာလေးတွေကို ပြောပြပေးနေလျှင် သတိကပ်မနေလဲ သူတိူ့သိနိုင်သည်ဟု ကြားဖူးနား၀ရှိသည့်အတိုင်း hyungများ SeHunပြောတာတွေကြားပြီး သတိပြန်လည်လာမလားတွေးမိကာ hyungကြိုက်သည့် ရေခဲမုန့်လေးတစ်ခု၀ယ်လာခဲ့ပြီး hyungကုတင်ဘေးနားလေးမှာ စကားတစ်တွတ်တွတ်ပြောကာ ထိုင်စားမိသည်။

ဒီ၅ရက်လုံး SeHunစံအိမ်တော်ကို လုံး၀မပြန်။

လဲ၀တ်စရာအ၀တ်အစားတွေတပည့်တွေကို အလှည့်ကျယူခိုင်းပြီး ဆေးရုံမှာသာနေသည်။
ဆေးရုံမှာ အိပ်သည်။
ဆေးရုံမှာစားသည်။

တစ်ကယ်လို့မပြောကောင်းမဆိုကောင်း hyungသာ သတိပြန်မလည်လာခဲ့ရင် အတူတူလိုက်သွားဖို့ပါဆုံးဖြတ်ထားပြီးဖြစ်သည်။

တိတ်ဆိတ်နေသည့် အခန်းထဲမှာ စည်းချက်မှန်မှန်ထွက်နေသည့်hyungလက်တစ်ဖက်မှာတပ်ထားသည့် ဆေးစက်ချပေးသည့်စက်ရဲ့မြည်သံရယ်.   ...

မျက်လွှာလေးကိုမှိတ်ချထားကာ အခုထိ
ငြိမ်းငြိမ်းချမ်းချမ်းလေးအိပ်နေသည့် hyungရယ်ကိုကြည့်ပြီးဒီနေ့အတွက် မျက်ရည်တွေကျဆင်းရပြန်သည်။

ကိုယ်တွေသာ မနေနိုင်လို့မျက်ရည်မျက်ခွက်ဖြစ်နေရပေမယ့် နေနိုင်သူ ခေါင်း‌ဆောင်ကြီးဆိုသူကတော့ နေနိုင်လွန်းစွာပင် တရက်ကို မိနစ်ပိုင်းအနည်းငယ်လေးလောက် လာရောက်ကြည့်ရှုရုံကလွဲပြီး အခြေအနေလေး‌တောင်မေးဖော်မရ။

အလွန်စိတ်ပျက်ဖို့ကောင်းသည်။

"ကျွန်တော် တကယ် အဲ့လူကို သတ်ပစ်မယ်...
Hyungသာ နိုးမလာ...ခဲ့ရင်..."

မျှော်လင့်ချက်ရေးရေးကလေးကိုအစဆွဲထုတ်လိုက်သည့်အချိန် ရင်ဘတ်ထဲက နာကျင်မှုကို ဘယ်လိုမှ သည်းမခံနိုင်တော့လို့ hyungလက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်ကာ ကုတင်ပေါ်မျက်နှာ မှောက်ချ၍ ငိုမိလိုက်သည်။

One Shot & mini storiesWhere stories live. Discover now