intro 🍓🚬

1.1K 56 14
                                    

Zawgyi~

မိုး​တွေတစ်​ဝုန်းဝုန်းရွာသွန်း​နေသည်​။ကားလမ်းမကျယ်​​ပေါ်
တွင်​သွားလာလှုပ်​ရှား​နေ​သော​မော်​​တော်​ယာဉ်​များဟာလည်း အဆက်​မပြတ်​။အချိန်​အားဖြင့်​ည​နေ​လေးနာရီခန့်​ရှိမည်​။လုပ်​ငန်းခွင်​များသိမ်းချိန်​၊ရုံးဆင်းချိန်​၊​ကျောင်းဆင်းချိန်​များဖြစ်​သည်​မလို့ အ​တော်​ရှုတ်​ရှပ်​ခတ်​​နေသည်​။

ထီးအ​ပေါ်သို့ကျလာ​သောမိုးစက်​များအားအသံတိတ်​ကြိမ်​ဆဲမိသည်​။ဂျင်း​​ဘောင်းဘီအရှည်​ကိုပါလာ​စင်​​နေလို့ဖြစ်​သည်​။သိပ်​မကြာပါ ​လေပါ,ပါလာ၍ထီးဟာလန်​မတတ်​ဖြစ်​သွားရပြန်​သည်​။တစ်​ဖက်​လူသွားလမ်းသို့ကူးရန်​အတွက်​ မီးပွိုင့်​အားလှမ်းကြည့်​မိသည်​။ကံ​မ​ကောင်းစွာပဲ မီးနီပြရန်​သုံးဆယ်​စက္ကန့်​လို​နေ​သေး၏။

ဒီ​နေ့အလုပ်​ရှင်​နှင့်​က​တောက်​ကစဖြစ်​ခဲ့သည်​။မတတ်​နိုင်​ပါ။
ကိုယ့်​ဘက်​ကမှားတာမှမဟုတ်​ဘဲ။သို့​သော်​လည်း..ကိုယ့်​ဘက်​က​တောင်းပန်​လိုက်​ရတာပါပဲ။ဘဝကြီးကသိတဲ့အတိုင်း​ပဲ​လေ။ရည်းစားနဲ့ပြတ်​ပြီးအလုပ်​ထွက်​ရမှာကို​တော့မလိုလားပါ။

ကိုယ်​ဘယ်​​လောက်​ထက်​မြက်​လည်းဆိုတာထားသွားတဲ့ရည်းစား​ဟောင်းကိုသိ​အောင်​လုပ်​မည်​။ပြီးလျှင်​အထက်​မှ​နေ၍​ချေမိုးပစ်​မည်​။

အသည်း​တော့မကွဲပါဘူး။ရည်းစားပဲ။အခုမှပြတ်​ဖူးတာမှမဟုတ်​တာ။လေး၊ငါး၊​ခြောက်​​ယောက်​ အားလုံးကိုလည်းသူကပဲထားပစ်​ခဲ့တာ။ဒီတစ်​​ယောက်​​တောင်​မှ ဟိုဘက်​ကဦးသွားလို့ထားခဲ့ခံရသလိုဖြစ်​သွားတာ။

ဆော့ဂျင်​ခပ်​ပြုံးပြုံးနှင့်​ လက်​မ​ပါ​ထောင်​မိသွားသည်​။ဘေးနားတွင်​​တော့ကွက်​ကြည့်​"ဖြင့်​ခပ်​​ချော​ချောအစ်​ကိုကြီး(​ဆော့ဂျင်​)ကိုအပီအပြင်​ရှိုး​နေကြ​သောအထက်​တန်း​ဒုတိယနှစ်​က က​လေးမများရှိသည်​။

ပြီးပြည့်​စုံရုံမက​ချော​မောလွန်းတယ်​ဆိုပြန်​​တော့လည်း..။

ဘာလိုလိုနှင့်​မီးနီပြ​နေပြီ။ဖိုင်​​တွေကို​ပွေ့ပိုက်​ရင်းပဲလမ်းကူးလာလိုက်​သည်​။လမ်း​လျှောက်​မိ​တော့မိုး​ရေ​တွေကပိုမိုထိစင်​လာသည်​။ဘောင်းဘီ​အောက်​ပိုင်းတစ်​ခုလုံးမိုး​ရေ​တွေရွှဲနစ်​​နေ
ပြီ။ဆော့ဂျင်​​လေးလံစွာသက်​ပြင်းချမိသွားသည်​။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Onde as histórias ganham vida. Descobre agora