eight 🍓🚬

238 30 24
                                    

Zawgyi~

shopping centerတစ်​ခု၏ကားဂို​ဒေါင်​..တစ်​နည်းသူတို့နှစ်​ဦးစ​တင်​​တွေ့ရှိ​ခဲ့​သော​နေရာသို့​ရောက်​​နေကြသည်​။ဆိုင်​ကယ်​ကိုစက်​ရပ်​လိုက်​ပြီး​နောက်​ ခါးထက်​ရှိလက်​များမဖြုတ်​​သေးမှန်းသူသတိထားမိသည်​။ချိုမြိန်​​သောကိုယ်​​ငွေ့ကိုစိတ်​သက်​သာရာရဖွယ်​ ရရှိ​နေပြီးသ​ဘောတကျရှိလှသည်​။ပခုံးထက်​သို့​မေး​တင်​ထား​သော​ဆော့ဂျင်​၏ပါးပြင်​ကိုသူလှမ်းနမ်းမိသညိ။

"ဒီ​နေရာကဘာလည်းသိရဲ့လား..."

မျက်​ဝန်း​တွေအ​ရောင်​လဲ့ကာ​နေပြီး​ဆော့ဂျင်​သူ့ကို​မေးပါသည်​။ဆိုင်​ကယ်​ကိုထိန်းထားရင်းပဲ မျက်​​ရစ်​​ဖောင်း​ဖောင်းတို့ကို သူ့နှာ​တံနှင့်​အသည်းတယာထိ​တွေ့မိသွားသည်​။ခါးထက်​ရှိလက်​များ​ပြေ​လျော့သွားပြီး ​ဆော့ဂျင်​ပြုံး​နေပါသည်​။

"စ​တွေ့တဲ့​နေရာ..."

တို​တောင်းစွာသူပြန်​​ဖြေပြီး​နောက်​ ဆိုင်​ကယ်​ကို​ဒေါက်​​ထောက်​ကာ ​ဆော့ဂျင်​၏လက်​ဖျားကိုဖျစ်​ညှစ်​ဆုပ်​ကိုင်​​လေသည်​။သူ့လက်​​ချောင်းများကြားမြုပ်​သွားတာကိုအလွန်​နှစ်​သက်​သည်​။

"အဲ့တုန်းက မင်းလန့်​သွားတာ​လေ ​ဆော့ဂျင်​..."

"တကယ်​​တော့ ကျွန်​​တော့်​ကိုနမ်​ဂျွန်းပြန်​​ပေးဆွဲ​တော့မယ်​ထင်​ခဲ့တာ..."

"အခု​တော့ ​ဆော့ဂျင်​ကိုကိုယ်​ပဲပိုင်​​အောင်​ အပိုင်​သိမ်းထားလိုက်​ပြီ.."

ရယ်​ရင်း​ပြော​သောသူ့စကား​တွေ​ကို​ဆော့ဂျင်​သည်​တ​ဘောတကျရယ်​​မော​လေသည်​။စ​တော်​ဘယ်​ရီခြံမှပြန်​လာခဲ့​သောလွန်​ခဲ့​သည့်​ နှစ်​ရက်​​လောက်​မှစ၍ယခုအထိရနံ့​တွေဆွဲ​နေတုန်းဖြစ်​သည်​။ကြည့်​ရတာ စ​တော်​ဘယ်​ရီ​လေးတစ်​ခုလုံးသူ့နံ​ဘေးတွင်​ရှိ​နေ၍ထင်​ပါသည်​။

လက်​​ချောင်းယှက်​လျက်​ သူတို့centerအတွင်းသို့ဝင်​လာကြခြင်းတွင်​ ​ဆော့ဂျင်​သည်​အရာရာကိုသိပ်​သိ​နေပါသည်​။ပြောရလျှင်​ သူတို့နှစ်​ဦးဒီကို​ရောက်​လာခဲ့တာဟာ dateလုပ်​ဖို့ထက်​အမှတ်​တရတစ်​ခုခုဝယ်​ယူရန်​အတွက်​ဖြစ်​သည်​။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Where stories live. Discover now