final 🍓🚬

315 37 27
                                    

Zawgyi~

KNJ 's pov ;

ခြံမှပြန်​လာ​သော​နောက်​တစ်​​နေ့တွင်​ဖြစ်​သည်​။မေ​မေသည်​ သူအိပ်​​နေတုန်းအိပ်​ခန်းအတွင်းသို့ဇွတ်​အတင်း​ဝင်​​ရောက်​လာတာ​ကြောင့်​ စွပ်​ကြယ်​အကျီ င်္နှင့်​နမ်​ဂျွန်းခမျာအူ​ကြောင်​​ကြောင်​ဖြစ်​သွားရသည်​။ထို့​နောက်​ လက်​ထဲသို့ထိုးထည့်​လာ​သောဖုန်းသည်​ ​မေ​မေ့ဖုန်းဖြစ်​​လေသည်​။

မေ​မေသည်​အလွန်​စိတ်​လှုပ်​ရှား​နေပုံ​ပေါ်ပြီးထိလိုက်​မိ​သော​မေ​မေ့လက်​ဖျားသည်​ ​အေးစက်​​နေခဲ့သည်​။speakerဖွင့်​​ထား​သောဖုန်းကိုငုံ့ကြည့်​​သော်​ contactသည်​ *နမ်​ဂျွန်းရဲ့အ​ဖေ*တဲ့...။

"ဟယ်​...ဟယ်​လို အ​ဖေ..?"

အိပ်​ယာနိုးခါစသြရှရှအသံထွက်​​ပေါ်လာ​သော်​​မေ​မေသည်​သူ့နံ​ဘေးတွင်​ဝင်​ထိုင်​​နေပြီးဖြစ်​သည်​။

*​ဆော့ဂျင်​နဲ့က တွဲ​နေကြတာလား..*

တစ်​ဖက်​မှထွက်​လာ​သော​အ​ဖေ့စကား​သံ​ခပ်​​အေး​အေး​ကြောင့်
မေ​မေ့ကိုငုံ့ကြည့်​မိချိန်တွင်​ ​မေ​မေသည်​ဖုန်းကိုသာကြည့်​​နေခဲ့သည်။ဘာကဘယ်​လိုဖြစ်​လည်းမသိ​ပေမယ့်​ သူ့ထံတွင်​​ကြောက်​စိတ်​ဟူ၍မရှိပါ။ဒီလိုဆို အ​ဖေလည်းသူ့postကိုမြင်​​လောက်​​ရော​ပေါ့...။

"ဟုတ်​ကဲ့ သူကကျွန်​​တော့်​ချစ်​သူပါ အ​ဖေ.."

*ငါ့သူငယ်​ချင်းရဲ့သားပဲ..​ဆော့ဂျင်​က..*

မသိ​သေးသာ​မေ​မေ​ရောသူပါမျက်​လုံးပြူးသွားကြသည်​။မေ​မေသည်​သူ့ထံမှဖုန်းကိုဆွဲလုသွားပြီး​နောက်​ ​ဖေ​ဖေ့ကိုအကျိုးအ​ကြောင်း​မေး​နေသည်​။တဖြည်းဖြည်းသိလိုက်​ရတာဟာ ဘူဆန်​ကိုခရီးထွက်​သွား​သော ​ဖေ​ဖေသည်​ဟိုမှာသူတို့နှစ်​ဦး၏ငယ်​သူငယ်​ချင်း​မောင်​နှံနှင့်​​တွေ့ဖြစ်​ကြသည်​။

သား၊သမီးအ​ကြောင်း​တွေစကားဆက်​မိရင်းမှသည်​ ​ဆော့ဂျင်​၏မိဘများသည်​ ဆိုးလ်​ကိုလာမည်​ဖြစ်​​ကြောင်းနှင့်​ သူတို့ကြားထား​သော သား၏ချစ်​သူအ​ကြောင်း​ပြောပြစဉ်​ ​အ​ဖေသူ့ထံသို့ဖုန်းဆက်​သွယ်​ခြင်းဖြစ်​လိမ့်​မည်​။မေ​မေသည်​အလွန်​​ပျော်​သွားတာကို​တွေ့​နေရပြီး သူတို့သူငယ်​ချင်း​တွေပြန်​​တွေ့ရမည့်​အတွက်​ဝမ်း​မြောက်​​နေကြသည်​။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Where stories live. Discover now