four 🍓🚬

246 34 18
                                    

Zawgyi~

အမျိုးအစားစုံလင်​​နေ​သောguitarမျိုးစုံကိုသူလိုက်​လံကြည့်​​နေရင်း စီးကရက်​ဘူးကိုလည်းလက်​ကအလှည့်​မပျက်​ခဲ့။နံ​ဘေးမှလိုက်​လံရှင်းပြ​နေ​သောဝန်​ထမ်း​ကောင်​​လေး၏စကားသံကိုအာရုံ​တွေ​ပေးထားပြီး အနီ​ရောင်​တစ်​ခုသည်​သူ့အမြင်​​တွေကိုဖမ်းစားသွားခဲ့သည်​။

"တကယ်​​တော့ ကိုယ့်​အရင်​တစ်​ခုကsky blueမလို့ အဲ့လိုမလိုချင်​​တော့ဘူး..အနီ​လေးမဆိုးဘူး​နော်​..."

"ဟုတ်​ အစ်​ကို ဒါ​လေးကမ​နေ့ကမှ​ရောက်​တာပါ.."

ထို​ကောင်​​လေးသည်​guitarအနီ​လေးကိုခုံတစ်​ခုအ​ပေါ်သို့တင်​၍သူ့ကိုပါတစ်​ချက်​လှည့်​ကြည့်​သည်​။အနက်​​ရောင်​ဂျင်းဂျာကင်​အားချွတ်​လိုက်​ရင်းလက်​ဖျံ၌ချိတ်​ကာ နမ်​ဂျွန်း..သူဂစ်​တာကြိုး​​တွေကိုစစ်​​ဆေးလိုက်​သည်​။တိုလွ​သောဆံနွယ်​တို့​ကြောင့်​သူသည်​အလွန်​​ယောက်ျားဆန်​စွာကြည့်​​ကောင်းသည်​။

"အင်း ဒါ​လေးယူမယ်​.."

"ဟုတ်​ အစ်​ကို ဒါဆို​ကောင်​တာကိုယူသွား​ပေးပါ့မယ်​.."

သူ​ခေါင်းကိုခပ်​​လေး​လေးသာငြိမ့်​လိုက်​မိပြီး​နောက်​ အိတ်​ကပ်​အတွင်းရှိတုန်​ယင်​​လာ​သောဖုန်းကိုစိတ်​ပျက်​စွာဆွဲထုတ်​လိုက်​သည်​။သူ့ကိုယ်​ပိုင်​အချိန်​​တွေမှာ ရည်းစားဖုန်းဆက်​လာတာမျိုးကိုသူမနှစ်​မြို့ပါ။

သို့​သော်​ ဖုန်း​ခေါ်လာ​သူ​ဟာ​မ​မျှော်​လင့်​ထား​သော *🍓*..​ဆော့ဂျင်​ပါတဲ့..။အလျပ်​တပြတ်​ပါပဲ..။ပါးချိုင့်​​တွေလှစ်​​ပေါ်သွားလိုက်​တာများ..မျက်​ဝန်းစူးစူး​တွေအ​ရောင်​လက်​သွားတာများ..။လှုပ်​ရှားမှု​တွေအလွန်​လျင်​မြန်​စွာဖုန်းကိုဆက်​လက်​တုန်​ခါခွင့်​မ​ပေးဘဲအမြန်​ကိုင်​လိုက်​တာများ..။ဘက်​လိုက်​တတ်​​လေခြင်း။

"ဟယ်​လို..​သက်​သာရဲ့လား.."

*အာ..နမ်​ဂျွန်းဖြစ်​​နေတာပဲ..*

တစ်​ဖက်​မှရယ်​သံခပ်​တိုးတိုး​လေး​ကြောင့်​ သူ့မျက်​ခုံး​တွေပင့်​သွားကြပြီး မျက်​ဝန်းများရယ်​ရိပ်​မြူးရသည်​။စီးကရက်​ဘူးကိုအိတ်​ကပ်​အတွင်းထည့်​​နေရင်း မ​နေ့ည​နေကစ​တော်​ဘယ်​ရီ​လေးအားမြင်​လွှာအတွင်းပြန်​လည်​ထင်​ဟက်​သည်​။ယောက်ျားတစ်​​ယောက်​ပါပဲ...သို့​သော်​ သူ့အတွက်​သိပ်​ထူးဆန်း​သော..​ယောက်ျားတစ်​​ယောက်​​ပေါ့..။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Where stories live. Discover now