five 🍓🚬

236 34 20
                                    

Zawgyi~

ည၏​လေ​အေး​အေးတို့သည်​ သူဘယ်​​သောအခါမှစိတ်​ကူးမယဉ်​ဖူးခဲ့သည့်​ဖြစ်​စဉ်​​တွေကို​ရှေးရှု​နေကြသည်​။စီးကရက်​ရနံ့များကို သူအကြိမ်​ကြိမ်​ခံစားမိ​နေပြီး နမ်​ဂျွန်း၏ကိုယ်​ကိုအလွန်​ဖက်​တွယ်​ထားရတာကိုနှစ်​သက်​လာခဲ့သည်​။ဆိုင်​ကယ်​​အ​ပေါ်ကပြုတ်​ကျမှာ​ကြောက်​သည်​အထိ အသည်းမနုနယ်​​သော်​ငြား သူဆိုင်​ကယ်​စီး​နေခြင်းကိုအ​ကြောင်းပြ​၍ အလွန်​ပင်​ ဖက်​တွယ်​ထားခဲ့သည်​။

နမ်​ဂျွန်း၏အနက်​​ရောင်​ဂျင်းဂျာကင်​သည်​သူ့မှီခိုရာအိပ်​မက်​လှလှနှင့်​ဆင်​တူသည်​။စဉ်းစားကြည့်​လျှင်​ရည်းစားနှင့်​ပူပူ​နွေး​နွေးပြတ်​ထားသည့်​လူတစ်​​ယောက်​ကို ယွန်းဂီ​ပြောခဲ့သလိုမျိုး..သူမရိုးသား​သောအရိပ်​အ​ယောင်​​တွေသမ်းခဲ့သည်​။

မည်​သို့ပင်​တည်​ရှိ​စေ..ဖြစ်​ပျက်​​စေကာမူ..နမ်​ဂျွန်းနှင့်​​တွေ့ဆုံခဲ့သမျှအရာရာ..နမ်​ဂျွန်းနှင့်​ပတ်​သက်​သည့်​အရာရာသည်​ သူ့ကိုနှလုံးခုန်​မြန်​​စေသည်​။နမ်​ဂျွန်းဆိုသလို...အင်း..နမ်​ဂျွန်းကိုယ်​တိုင်​ဆိုသကဲ့သို့ပါပဲ...။နမ်​ဂျွန်းသည်​ ​ဆန်းကြယ်​သည်​။

ဟန်​မြစ်​ကိုဖြတ်​၍တည်​​​ဆောက်​ထား​သောတံတားအ​ပေါ်မှလည်းဖြတ်​ခဲ့သည်​..ကားမှတ်​တိုင်​များစွာကိုလည်းဖြတ်​ခဲ့သည်​..​လေအဟုန်​​တွေကြားနမ်​ဂျွန်း၏တစ်​ချက်​၊တစ်​ချက်​ထွက်​​ပေါ်လာ​သော သီချင်းညည်းသံ​တို့သည်​လည်းနှစ်​သက်​စဖွယ်​ဖြစ်​သည်​။

"​ရှေ့နားဆို​ရောက်​ပြိ နမ်​ဂျွန်း.."

သူ့အိမ်​အ​ရှေ့တွင်​နမ်​ဂျွန်းဆိုင်​ကယ်​ရပ်​သွားသည်​နှင့်​ ​ဆော့ဂျင်မဆင်းချင်​၊ဆင်းချင်​နှင့်​ဆိုင်​ကယ်​ထက်​မှဆင်းလာလိုက်​သည်​။အိမ်​ထဲကိုအကဲခတ်​​နေ​သောနမ်​ဂျွန်း၏မျက်​ဝန်းများသည်​ ​ကောင်​ကင်​ထက်​ရှိကြယ်​တာရာကို​နောက်​ခံထား၍လှပသည်​။အော်​...​ဆော့ဂျင်​ရယ်​...လူတစ်​​ယောက်​ကိုထူးထူးခြားခြားက​ဗျာ​တွေဆန်​​နေလိုက်​​လေခြင်း..playboyမှဟုတ်​ပါ​လေစ။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Where stories live. Discover now