two 🍓🚬

268 34 16
                                    

Zawgyi~

ပုံမှန်​အတိုင်းသာဆိုလျှင်​မိုး​တွေရွာ​နေသင့်​​ပေမယ့်​ ဒီမနက်​ခင်းတွင်​​တော့ရာသီဥတုမှာသာသာယာယာရှိလှသည်​။ဖိုင်​​တွေကိုတနင့်​တပိုးသယ်​​နေရင်း ​ဆော့ဂျင်​ဘက်​စ်​ကားကိုအမှီ​ရောက်​လို့ အနည်းငယ်​​တော့စိတ်​​အေးသွားခဲ့သည်​။

နောက်​ဆုံးရှိ ခုံအလွတ်​တစ်​ခုတွင်​ဝင်​ထိုင်​လိုက်​ပြီး​နောက်​ mulletဆံပင်​တို့ကိုနားရွက်​အ​နောက်​နားသို့ပို့လိုက်​သည်​။ဖျော်​၍ထည့်​လာ​သော​ကော်​ဖီ​နွေး​နွေးကိုဖြည်းဖြည်းချင်း​မော့လိုက်​ပြီးမှ လက်​ပတ်​နာရီကိုငုံ့ကြည့်​မိ​တော့ *8:15 AM*တဲ့။ရုံးချိန်​က 8:45..ဆို​တော့အဆင်​​ပြေပါသည်​..။

ပြတင်းမှတစ်​ဆင့်​သွားလာလှုပ်​ရှား​နေကြ​သော လူရိပ်​​တွေကို​ဆော့ဂျင်​..သူမြင်​​နေရသည်​။ချောမြဲ​ချောဆဲဖြစ်​​သောသူ့ပုံရိပ်​သည်​လည်း ပြတင်းမှန်​တွင်​ထင်​ဟက်​​လို့​နေသည်​။ကျေ​ကျေနပ်​နပ်​ပြုံးမိပြီး​ခေါင်းတငြိမ့်​ငြိမ့်​ဖြစ်​သွားသည်​မလို့ တစ်​ဖက်​ခုံရှိအတွဲသည်​ကွက်​ကြည့်​ကွက်​ကြည့်​ဖြစ်​သွားကြသည်​။

အတွဲ​တွေ..ဆိုလို့ဟိုတစ်​​နေ့ကစီးကရက်​..အာ..နမ်​ဂျွန်း​ရောသူ့​ကောင်​မ​လေးနှင့်​အဆင်​​ပြေရဲ့လားမသိ။ခြံကိုထပ်​လာမယ်​​ပြောသွားလို့ ပိတ်​ရက်​မှလာမှာ​ရောဟုတ်​ရဲ့လား..?မဟုတ်​ရင်​​တော့ဦး​လေးနှင့်​ပဲ​တွေ့သွားရမှာ..။ဆော့ဂျင်​မျက်​နှာမှုန်​ကုပ်​သွားရပြန်သည်​။ခေါင်း​တွေဇွတ်​ခါပြီး ဦး​လေးခြံမှာသွား​နေချင်​စိတ်​ဖြစ်​​ပေါ်သည်​။

မဟုတ်​​သေးပါဘူး..။နမ်​ဂျွန်းလာရင်​သူမရှိလိုက်​ရမှာကိုစိုးရိမ်​​နေတာလား..?ယဉ်​​ကျေးမှု​ရော..စည်းကမ်း​ရောမရှိတဲ့ပါးချိုင့်​​ကောင်​ကို​တွေ့ချင်​​နေတာ​ပေါ့..​ဆော့ဂျင်​က​လေ..?ဒီတိုင်း..ဆိုင်​​ရောင်းအားတက်​​အောင်​လိုက်​ပြချင်​ရုံပါ..ဦး​လေးက​ဆော့ဂျင်​ကဲ့သို့မ​ချော​မောသလို အ​ပြောလည်းမတတ်​ဘူး​လေ..။ဝယ်​သူကိုမဆွဲ​ဆောင်​နိုင်​ဘူး..။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Where stories live. Discover now