ten 🍓🚬

221 29 34
                                    

Zawgyi~

KSJ 's pov ;

* Happy 1 year anni ပါ ကိုယ့်​ရဲ့​ဆော့ဂျင်
မင်းကို ကိုယ်​သိပ်​ချစ်​ပါတယ်​ *

ဝင်​လာ​သောစာကိုမြင်​လည်း​ဆော့ဂျင်​ဖုန်းကိုဆက်​လက်​၍​မှောက်​ထားပစ်​ပြီး လုပ်​စရာရှိ​သောအလုပ်​​တွေကိုသာဆက်​လုပ်​​နေမိသည်​။နံ​ဘေးရှိစီနီယာအမများပင်​သူ့မျက်​နှာပျက်​ယွင်းမှု​ကြောင့်​စတင်​သတိထားမိလာကြ​သော်​လည်း သူ့မျက်​နှာမဲ့​နေဆဲဖြစ်​သည်​။အလွန်​တရာ ဝမ်းနည်း​နေသည်​။

တစ်​နှစ်​ပြည့်​တွင်​​တော့အတူရှိချင်​မိတာဟာ နမ်​ဂျွန်းအ​ပေါ်သူထားသည့်​ပထမဆုံး​သော​လောဘ​လေးရယ်​ပါ။အရင်​​နေ့​တွေတစ်​​လျှောက်​လုံးအတူရှိ​နေခဲ့သည့်​တိုင်​ ခြံမှပြန်​လာ​သည့်​လွန်​ခဲ့​သောသုံးရက်​ကတည်းကသူရုံးသွားလျှင်​လည်း ယခင်​ကဲ့သို့ ဘက်​စ်​နှင့်​ပင်​ပြန်​လည်​ပတ်​ရသည်​။"သူ"နှင့်​မ​တွေ့ရ​တာဟာ သုံးရင်​ပင်​ဖြစ်​​နေပြီ။ပြောပြ​သော်​လည်း လျစ်​လျူရှုခံရ​သော သူ့စကား​လေးဟာ *လွမ်းတယ်​ နမ်​ဂျွန်းရယ်​*တဲ့..။

လက်​​ကောက်​ဝတ်​ထက်​ကhand chainကိုအသာပွတ်​တွယ်​မိပြီး​နောက်​ seen​တော့ပြလိုက်​​သေးသည်​။အနက်​​ရောင်​ဂျာကင်​နှင့်​နမ်​ဂျွန်းသည်​သူ့နှလုံးခုန်​နှုန်းကဲ့သို့ပင်​။pfကနမ်​ဂျွန်းပုံကို​တောင်​အသာထိ​တွေ့မိသည်​အထိ သူသည်​မ​နေနိုင်​ပါ။

"​ဟေး ​ဆော့ဂျင်​ ​ကောင်​​လေးလာမကြိုဘူးလား .."

နံ​ဘေးရှိစပ်​စုတတ်​​သောအမ၏စကား​ကြောင့်​ ငိုချင်​ရက်​လက်​​တို့ဆိုသလို ​ဆော့ဂျင်​မျက်​နှာ​လေးပြန်​လည်​မဲ့ကျကာ​ခေါင်းခါပြမိသည်​။အမသည်​မျက်​မှန်​ပန်း​ရောင်​ကိုတစ်​ချက်​ပင့်​တင်​ပြီး​နောက်​​ခေါင်းငြိမ့်​ပြ​လေသည်​။ထိုအမသည်​ အတွင်း​ရေးမှူးဟန်​၏သူငယ်​ချင်းဖြစ်​​လေသည်​။

မြင်​သမျှသည်​ သူ့ကိုမဲ့​စေပါသည်​။
နမ်​ဂျွန်းကိုလည်း စာမပြန်​မိ​တော့​ပေ။
စီးကရက်​ရနံ့​တွေကိုလည်း သိပ်​လွမ်းမိပါသည်​။
ဒီလိုဆိုလျှင်​ သူကိုယ်​တိုင်​ စီးကရက်​​တွေ​သောက်​ဖြစ်​လိမ့်​မည်​။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Where stories live. Discover now