nine 🍓🚬

229 32 26
                                    

Zawgyi~

ဆော့ဂျင်​စ​တော်​ဘယ်​ရီဘူး​တွေကိုထုတ်​ပိုး​နေရင်း ​ရောက်​မလာ​သောနမ်​ဂျွန်း​ကြောင့်​နှုတ်​ခမ်းဖူးဖူးသည်​လှုပ်​စိ၊လှုပ်​စိဖြစ်​လာရသည်​။ဦး​လေး၏ဆိုင်​တွင်​​ဆော့ဂျင်​ မနက်​ကတည်းက​ရောက်​ရှိ​နေပြီးယခုမွန်းတည့်​သည့်​တိုင်​ ​ရောက်​မလာ​သေးတာ​တွေ​ကြောင့်​ ​ဆော့ဂျင်​လက်​​ကောက်​ဝတ်​ထက်​ကhand chain​လေးကိုမျက်​​စောင်းထိုးလိုက်​မိသည်​။

နမ်​ဂျွန်းဟာ အကျင့်​မ​ကောင်းပါ..။

ချစ်​သူသက်​တမ်းတစ်​နှစ်​ပြည့်​ရန်​ ၃ရက်​သာလိုပါ​တော့သည်​။
ဒီကြားထဲခြုံ​ပြောရလျှင်​ သူတို့အလွန်​အဆင်​​ပြေပါသည်​။ချစ်​ရတာဟာ​ပျော်​ဖို့​ကောင်းသည်​။နမ်​ဂျွန်းသူ့ကိုနမ်းတိုင်းလိပ်​ပြာက​လေး​တွေပျံဝဲတတ်​သည်​။ထိုခံစားချက်​တိုင်းကိုသူချစ်​ပါသည်​။

ဆော့ဂျင်​ယ​နေ့​တော့​ဘောင်းဘီ​ပေါင်​ဖုံး​လောက်​နှင့်​အကျီ င်္ခပ်​ပါးပါးလက်​ရှည်​ကိုဝတ်​ထား​လေသည်​။ရာသီဥတုကသိပ်​မဟန်​ပါဘူး​လေ။အနည်းငယ်​ရှည်​​နေ​သောအကျီ င်္လက်​ကို​ခေါက်​တင်​ပြီး ဥိး​လေးနှိပ်​စက်​ခြင်းကိုခံရသည်​။ပြောရလျှင်​ ကင်​မ်​ချီနယ်​ခိုင်းခြင်းဖြစ်​သည်​။ယွန်းဂိကလည်း ဒီ​နေ့မှမလာတာ​ကြောင့်​သူဒီမနက်​ကဖုန်း​ခေါ်၍​အော်​ဟစ်​ထား​သေးသည်​။

နမ်​ဂျွန်းက​လည်း​ဖုန်းမကိုင်​​တော့တဖြည်းဖြည်းနှင့်​သူရှုံ့မဲ့မဲ့ဖြစ်​လာသည်​။နေ​ရောင်​​အောက်​တွင်​သူ့hand chain​လေးအ​ရောင်​လက်​​နေ​သော်​လည်းဆက်​​ပေးမည့်​အသည်းတစ်​ခြမ်း​တော့​ရောက်​မလာ​သေး​ပေ။

"နမ်​ဂျွန်းလာပြီ ! ​ဆော့ဂျင်​.."

ဦး​လေး၏အသံ​ပေးမှုတစ်​ခုကိုကြားလိုက်​​သော်​လည်း ​ဆော့ဂျင်​ကင်​မ်​ချီ​တွေကိုသာ​ဆောင့်​​အောင့်​ပြီးနယ်​​နေလိုက်​သည်​။ဝင်းမွတ်​​သောအသားအရည်​နှင့်​ဖူးထွက်​​နေ​သောနှုတ်​ခမ်းဖူးဖူး​တို့သည်​ စ​တော်​ဘယ်​ရီတို့နှင့်​အပြိုင်​ပင်​။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Where stories live. Discover now