one 🍓🚬

373 35 20
                                    

Zawgyi~

ဒီ​နေ့​ဆော့ဂျင်​ဦး​လေး၏ စ​တော်​ဘယ်​ရီခြံအတွင်းသို့​ရောက်
နေသည်​။ယွန်းဂီလည်းပါလာပြီး သူတို့နှစ်​ဦးခြင်းတစ်​​ယောက်​တစ်​ခြင်းစီနှင့်​ မှည့်​​နေပြီဖြစ်​​သော လတ်​လတ်​ဆက်​ဆက်
စ​တော်​ဘယ်​ရီများအားခူးထည့်​​နေကြသည်​။

ခြံအတွင်းသင်းပျံ့​သောရနံ့များပျံ့နှံ့​နေပြီး စိတ်​ကိုရွှင်​လန်း​စေသည်​။ရုံးပိတ်​ရက်​တိုင်းမဆိုသာ​ပေမယ့်​ပိတ်​ရက်​တိုင်းလိုလိုသူဒီကိုလာတတ်​သည်​။ဆော့ဂျင်​စ​တော်​ဘယ်​ရီ​​တွေနှင့်​ရင်းနီးလာခဲ့တာ နှစ်​အ​​တော်​ကြာ​နေပြီ။ခြံအနီးတွင်​ဦး​လေး၏ သစ်​သီးဆိုင်​​လေးရှိသည်​။

ဝယ်​သူတစ်​ချို့နှင့်​ ဦး​လေးစကား​ပြော​နေစဉ်​​ ​ဆော့ဂျင်​စ​တော်​ဘယ်​ရီအလုံးကြီးကြီးတစ်​လုံးကို ပါးစပ်​ထဲပစ်​ထည့်​လိုက်​သည်​။မှုန်​ကုပ်​ကာကြည့်​​နေ​သောယွန်းဂီကို​တွေ့​တော့ ပလုပ်​ပ​လောင်းဝါးစား​နေရင်း ခွီးခနဲရယ်​မိသွားသည်​။ပါးများမို့တက်​သွားကြ၏။

ဒီတစ်​​ခေါက်​ စ​တော်​ဘယ်​ရီ​တွေက မချဉ်​လွန်းဘဲ ချိုစိမ့်​​နေသည်​။ပန်းနု​ရောင်​အ​နွေးထည်​အပွကြီးနှင့်​ ​ဆော့ဂျင်​စိတ်​​ကျေနပ်​သွားသည်​။

"​ဆော့ဂျင်​ တစ်​လှည့်​လာ​ရောင်း​ပေးထားဦး ငါစ​တော်​ဘယ်​ရီခြင်းအ​သေး​တွေ​ဆက်​လုပ်​လိုက်​ဦးမယ်​"

ပါးစပ်​ထဲတမြုံ့မြုံ့ဝါး​နေ​သောစ​တော်​ဘယ်​ရီမကုန်​ခင်​မှာပင်
ဦး​လေးသည်​ သူ့ပခုံးကိုပုတ်​ကာ​ပြောလာသည်​။ဆော့ဂျင်​​ခေါင်းငြိမ့်​မိပြီး​နောက်​ ဆိုင်​ဆီသို့​ပြေးသွားမိသည်​။ကျန်​ခဲ့သည့်​ယွန်းဂီမှာ​တော့ခြင်း​တောင်းနှစ်​​တောင်းနှင့်​။

ဆော့ဂျင်​ဆိုင်​အတွင်းဝင်​လာ​တော့ စ​တော်​ဘယ်​ရီ​တွေ​ရွေး​နေ
ကြသည့်​ သက်​လတ်​ပိုင်းလူငယ်​နှစ်​ဦးကို​တွေ့လိုက်​ရသည်​။
ကြည့်​ရတာစ​တော်​ဘယ်​ရီ ဝယ်​ကြမလို့ထင်​ပါရဲ့။နှစ်​​ယောက်​လုံးသူ့ကို​ကျောခိုင်းထားကြတာ​ကြောင့်​ သူဝင်​လာတာကိုသိပုံမ​ပေါ်။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Where stories live. Discover now