six 🍓🚬

250 37 16
                                    

Zawgyi~

ည​နေခင်း၏တိုး​ဝှေ့တိုက်​တတ်​​သော​လေနု​အေး​အေး​ကြောင့်​ ​ဆော့ဂျင်​ဝတ်​ထား​သောရှပ်​အပါးသည်​​လေထဲလွင့်​​မြောသွားတတ်​သည်​။လက်​ထဲရှိဖုန်းကိုဆုပ်​ကိုင်​ထားရင်း တံတားထိပ်​တွင်​ရပ်​​နေသူအား သူလှမ်း​တွေ့လိုက်​ရသည်​။တံတားလက်​တန်းကိုမှီထားရင်း ဂစ်​တာအိတ်​လွယ်​ထား​သော"သူ"သည်​ထုံးစံအတိုင်းစီးကရက်​တစ်​လိပ်​နှင့်​ဖြစ်​​လေသည်​။

"​ဆော့ဂျင်​..."

ငါး​ပေအကွာ​လောက်​ကလူကိုသူ​တွေ​တွေကြီးရပ်​ပြီး​ငေး​နေမိတာဖြစ်​ပြီး မျက်​ခုံးပင့်​ပြလာတာကိုမြင်​မှသူဟန်​ချက်​ပျက်​သွားခဲ့သည်​။မြေလမ်းထက်​သို့နမ်​ဂျွန်းစီးကရက်​ကိုပစ်​ချလိုက်​ကာ သူ့ထံသို့​လျှောက်​လာ​လေသည်​။အမြဲတမ်းစီးကရက်​​အ​ငွေ့​တွေအ​ကြောင်းသာသူ​တွေးဖြစ်​ခဲ့သည်​။အဆိပ်​အ​တောက်​ကဲ့သို့ပါပဲ။သိပ်​အန္တရာယ်​များသည်​။

"ကဲ..."

သူ့ဆံနွယ်​​တွေကိုဂုတ်​အ​နောက်​မှဆွဲကုတ်​​ပေးလာလို့​ဆော့ဂျင်​ ကိုယ်​တွန့်​လိုက်​မိပြီး ပြုံး​နေ​သောနမ်​ဂျွန်းကို​မော့ကြည့်​ရသည်​။လမ်းမီးတိုင်​မှိန်​​သော​ကြောင့်​ အလင်း​ရောင်​နည်း​သောဤအ​နေအထားတွင်​ နမ်​ဂျွန်း၏ပါးချိုင့်​​တွေကိုအနီးကပ်​မြင်​​နေရဆဲဖြစ်​သည်​။

"​ဆော့ဂျင်​ကိုအားကျလိုက်​တာ​ဗျာ..​နောက်​ဆို ဒီလိုဆံပင်​မျိုးဆင်​တူထားကြမယ်​.."

ဂီတာအိတ်​၏ကြိုးကိုခပ်​တင်းတင်းဆုပ်​ကိုင်​ကာ​ပြောလိုက်​​သောထိုစကားလုံးများကြား​ဆော့ဂျင်​မျက်​နှာထားမချိုမချဉ်​ဖြစ်​သွားခဲ့သည်​။နမ်​ဂျွန်းက သူ့ကိုသ​ဘောကျ​နေတာမျိုးလား..? အို..မဟုတ်​တာပဲ..။

"ဟုတ်​ပါပြီ​ဗျာ.."

နမ်​ဂျွန်းနှင့်​အတူ ဟန်​မြစ်​ကိုဖြတ်​၍တည်​​ဆောက်​ထား​သောတံတားတစ်​​လျှောက်​ လမ်း​လျှောက်​လာဖြစ်​ခဲ့သည်​။တံတားတွင်​မီးကြိုးများနှင့်​အလှပြင်​ထားပြီး မြင်​ကွင်းတိုင်းလှပ​နေသည်​။
တစ်​ချက်​၊တစ်​ချက်​ နမ်​ဂျွန်းကို​မော့ကြည့်​​မိတိုင်း သူ့ထံသို့ငုံကြည့်​​နေ​သော ​ဆွေး​မြေ့​မြေ့မျက်​ဝန်းများနှင့်​အကြည့်​ချင်းဆုံသည်​။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Where stories live. Discover now