Prologue

9.5K 814 17
                                    

Unicode~

ကြည့်ရတာ သူမ ခန္ဓာကူးပြောင်းလာခဲ့ပုံပဲ...

တီဗီတွေ ဝတ္ထုတွေထဲက ဖန်တရာတေနေတဲ့ ခန္ဓာဝိဉာဉ်ကူးပြောင်းခြင်းဆိုတဲ့ မယုံနိုင်စရာ ဇာတ်ကွက်တစ်မျိုးပေါ့...


ဒါပေမဲ့ သူမ တည်ငြိမ်နေတယ်...

ဘာလို့များ အဲဒီလောက် တည်ငြိမ်နေရသလဲ?

ဘာဖြစ်လို့လဲဆိုတော့ သူမအတွက်ဆိုးရွားတဲ့အဖြစ်အပျက်က ခန္ဓာကူးပြောင်းလာခြင်းမဟုတ်လေဘူး... 

အရင်ဘဝက ကျန်းချူးဝေဆိုတဲ့ သူမဟာ မွေးကတည်းက လှပခဲ့သူတစ်ယောက်ဖြစ်တယ်... မူကြိုကတည်းက သူမ ကောင်လေးဖြစ်ဖို့ ယှဉ်ပြိုင်နေတဲ့ ကောင်ငယ်လေးတွေမှ အများကြီးပဲ... မူလတန်းတက်တဲ့အခါရခဲ့တဲ့ "ကျောင်းရဲ့ပန်းကလေး" ဆိုတဲ့ ဘွဲ့ဟာ တက္ကသိုလ်ပြီးတဲ့အထိ မပြောင်းလဲခဲ့ဘူး... သူမ အရပ်က ၁၆၈စင်တီ (၅ပေခွဲခန့်) ရှိတယ်... သူမရင်ဆိုဒ်က 34E, ခါးက ၂၃လက်မနဲ့ လှပလွန်းတဲ့ သူမရဲ့ တင်သားတွေက ၃၄လက်မရှိတယ်... မျက်နှာက လည်း စွဲမက်စရာကောင်းလှလေတယ်... ဆွဲဆောင်မှုရှိလွန်းတဲ့ အလှပဂေးလို့ သူမကို အမျိုးသားထုကြီးက သတ်မှတ်ကြပြီး အမြဲတမ်း တကောက်ကောက်လိုက်နေကြလေတယ်... သူမရဲ့ ၇လက်မဒေါက်အောက်မှာ ပြားပြားဝပ်နေတဲ့ အမျိုးသားအရေအတွက် ဘယ်လောက်တောင်ရှိလေသလဲဆိုတာကို သူမ မသိဘူး...

ဒါပေမဲ့...

အခုတော့...

ချူးဝေ မှုန်ဝါးဝါးကြေးမုံရှေ့မှာ ရပ်နေမိတယ်... သိပ်ပြီး မကြည်လင်တာတောင်မှ သူမ အခုဘယ်လိုပုံစံလဲဆိုတာကိုတော့ မြင်နိုင်ပါသေးတယ်... သူမက ပိန်တယ်... ပြီးတော့ ပြားကပ်နေလေရဲ့... သူမရဲ့ ခန္ဓာကိုယ်အသစ်ဟာ အသားထက်အရိုးက ပိုများနေတယ်... 

ကဲပါလေ... နည်းနည်းလေး မို့နေတာတော့ ရှိပါသေးတယ်... ဒါပေမဲ့ သူမ စိတ်ထဲမှာတော့ ကတ္တရာလမ်းပေါ်က မြောင်းဖုံးမို့နေသလောက်လေးပဲ...


ပြီးတော့ ဒီမျက်နှာ- 

ဘုရားရေ!!! ကျန်းချူးဝေ အသည်းကွဲသွားခဲ့ပြီ... ဒါကြီးက မိန်းမတစ်ယောက်ရဲ့ မျက်နှာရော ဟုတ်သေးရဲ့လား?

မဟူရာဧကရီ (Dark Empress) |Completed|Where stories live. Discover now