Chapter 9.2

6.8K 776 14
                                    

Unicode~

"လူကြီးလူကောင်း တစ်ယောက်က ဧကရီကို နမ်းပြီး သူ့ကိုလက်ထပ်ဖို့ တောင်းဆိုခဲ့ပါတယ်... ဧကရီ ငြင်းဆန်ခဲ့ပေမယ့် အဲဒီလူကြီးလူကောင်းက လက်မလျော့ခဲ့ပါဘူး... တခြားသူတွေကိုလည်း သူ့ကိုယ်စား ဧကရီလက်ခံလာဖို့ ကူပြောခိုင်းပါသေးတယ်... လက်ထပ်ဖို့တောင်းဆိုခဲ့ပေမယ့် မယ်မယ်ကတော့ စိတ်ဝင်စားပုံတောင် မပေါ်ပါဘူး..."

ရုန်းဖူ ခေါင်းငုံ့ကာ အရိုအသေပေးနေသော်ငြား ဧကရာဇ်ကိုတော့ တစ်ချက် ခိုးကြည့်လိုက်သေးသည်။ သူ့အရှင်သခင်၏ မျက်နှာ ညိုမှောင်နေသည်ကို တွေ့လိုက်ရသည့်အတွက် နောက်ထပ်စကားထပ်ပြောဖို့ရာ တုန့်ဆိုင်းသွားရတော့သည်။

"ဘာရှိသေးလဲ?"

ရှဟောက် မေးလိုက်သော်ငြား လေသံကတော့ အင်မတန်မှပင် အေးစက်၍နေသည်။

ရုန်းဖူ၏ နှဖူးတွင် ချွေးစို့စပြုလာပြီး ခြောက်သွေ့စွာ တံတွေးမြိုချလိုက်ရတော့သည်။ ပါးစပ်ကို ဖွင့်ရင်း လေသံကို မတုန်သွားလေအောင် ကြိုးစားကာ ဆိုလိုက်သည်။

"မယ်မယ့် အိမ်မှာ ယောကျာ်းတစ်ယောက် ရုတ်တရတ် လာနေနေပါတယ်..."

"ဘာ?"

ဘန်းကနဲ ရိုက်ချလိုက်ခြင်းနှင့်အတူ ရှဟောက်လက်ထဲမှ စုတ်တံသည် ထက်ပိုင်းကျိုးသွားရသည်။

"ယောကျာ်းတစ်ယောက်?"

သူက ရေရွတ်လိုက်သည်။

"ဒါ ဘယ်တုန်းကလဲ?"

"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းကပါ..."

ရုန်းဖူ မြန်မြန်ပြန်ဖြေလိုက်သည်။ ကျောတွင် ချွေးတို့ဖြင့် စိုစွတ်လာသည်ကို သူ ခံစားမိလာသည်။

"အဲဒီလူက ဒဏ်ရာရနေတဲ့ပုံပါ... မယ်မယ်က သူ့ကို ကယ်လာပြီး အိမ်မှာ နေခွင့်ပြုထားတာ... သူ့ကို ကိုယ်တိုင်လည်း ပြုစုနေတယ်..."

"အဲတာ ဘယ်သူလဲ?"

သူမ ဆီက ဂရုစိုက်ပေးမှုတွေက ရနေတာ ဘယ်သူမို့လို့လဲ?

"ကျွန်တော်မျိုးမသိကြောင်းပါ... သူ ဘယ်သူဆိုတာ ရှာမရသေးလို့ပါ..."

မဟူရာဧကရီ (Dark Empress) |Completed|Where stories live. Discover now