Chapter 2.2

8K 907 10
                                    

Unicode~

"အ... အရှင်မင်းကြီး?"

ရှရှီ၏ အလန့်တကြား အော်သံကြောင့် ချွမ်းရှီလည်း မော့ကြည့်လိုက်ချိန်တွင် သူမလက်ထဲမှ တူကို ချက်ချင်းချလိုက်ရင်း လျင်မြန်စွာထရပ်တော့သည်။

"အရှင်မင်းကြီး!!!"

ချူးဝေကတော့ သူမ၏ ကြက်ခြေထောက်ကို ဝါးနေဆဲဖြစ်သည့်အတွက် သူမ၏ သွားတို့က အသားနှင့် ပိတ်မိနေကာ အစေခံငယ်နှစ်ယောက်၏ အံ့အားတကြီးခေါ်သံကိုကြားလိုက်ရချိန် ဝင်ပေါက်ဝရှိရာသို့ သူမ လှမ်းကြည့်လိုက်သည့်အခါတွင် ရှဟောက်ရင်နှင့် အကြည့်ချင်းဆုံသွားတော့သည်။

ဒါသည် သူမအတွက်ကတော့ ဧကရာဇ်ကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည့်အတွက် မျက်တောင်ခတ်မိသွား တော့သည်။

သူ၏ ငယ်ရွယ်မှုကို သူမ အံ့အားမသင့်ပေ၊ သူ့အသက်ကို ရှရှီနှင့် ချွမ်းရှီထံမှ သိခဲ့ပြီးဖြစ်သည်။ သို့သော် သူ့ရုပ်ရည်ကိုတော့ ဒီလောက်ထိ မဆိုးရွားလိမ့်မည်လို့တော့ မမျှော်မှန်းထားခဲ့ပေ။

မဆိုးဘူးပဲ...

မဂ္ဂဇင်း အက်ဒီတာ တစ်ယောက်၏ အမြင်အရကတော့ သူ အရမ်းကို ကြည့်ကောင်းသည်။

ဘဝတစ်ခုလုံး နန်းတော်ထဲမှာပဲ နေလာသည့် ဧကရာဇ်ဆိုသည်မှာ အလုပ်ပင်ပင်ပန်း လုပ်စရာမလိုသည့်အတွက် ပိုးမွေးသလိုမွေးထားခံရလိမ့်မည်ဟူ၍ သူမ ယူဆခဲ့သည်။ မိန်းကလေးဆန်ပြီး ဖြူဖြူသန့်သန့်ဖြစ်ရင်ဖြစ်၊ မဖြစ်လျှင် မဖွယ်မရာ ပိုးဇာကောင် ပိုးလောက်လိုမျိုး ဗိုက်ပူအဆီပြင်ဖြစ်နေမည်ဟူ၍- အိပ်ဆောင်အတူဝင်ရမည့် အချက်အပေါ် မုန်းတီးစိတ်ကို သည်းခံနေရသေးသော်ငြား ဧကရာဇ်က သူမကို လှုပ်ခတ်မိသွားစေသည်အထိ ခန့်ညားနေလိမ့်မည်ကိုတော့ သူမ မတွေးထားမိခဲ့ပေ။

သူမ မြင်ရသလောက်ကတော့ သူ့ကြည့်ရတာ ၁၈၀ စင်တီထက်ပင် မြင့်မားဟန်ပေါ်သည်။ ဝတ်ထားသည်က လက်ချောင်းငါးချောင်းပါသည့် တော်ဝင်နဂါးကို ပန်းထိုးထားသည့် အပြာရောင် ဝတ်ရုံဖြစ်၍ တော်ဝင် အရှိန်အဝါတို့ကို လွှင့်ထုတ်လျက်ရှိပြီး သူမ တွေးထားသည်နှင့် အများကြီးကို ခြားနား၍နေသည်။

မဟူရာဧကရီ (Dark Empress) |Completed|Where stories live. Discover now