Chapter 5.2 🚗

12.2K 735 13
                                    

Unicode~

အောက်ပါအကြောင်းအရာတို့သည် ၁၈နှစ်အောက် ကလေးငယ်များနှင့် မသင့်တော်သည့် အကြောင်းအရာများ ဆိုးရွားစွာ ပါဝင်ပါသည်။

Smut မနှစ်မြို့သူများ Chapter 5.2 ကို မဖတ်သင့်ပါ။

စုရှုရုန်၏ ခန္ဓာကိုယ်ဤမျှလောက် အထိမခံဖြစ်နေခြင်းက ရှက်စရာကောင်းလှသည်ဟု ချူးဝေ တွေးနေမိသည်၊ သို့သော် ကိုယ်လက်နှီးနှောခြင်းမှ ရလာသည့် ကျေနပ်အားရမှုအလုံးစုံကတော့ သူမ အပိုင်ပင်ဖြစ်သည့်အတွက် ပြည့်ပြည့်ဝဝ မွေ့လျော်ရပေမည်။

ရေချိုးကန်ထဲတွင် သူမ မေ့လဲသွားပြီး ရှဟောက်ရင်က သူမကို ဖန်ယိနန်းဆောင်သို့ ပွေ့ချီလာခဲ့ရပေမည်။ ဒါကိုတွေးမိလိုက်ရုံဖြင့် သူမ ရှက်သွေးဖြန်းလာရတော့သည်။

တခဏတာ အားနည်းသွားခြင်းနှင့် အကြောင်းပြချက်တို့ ပျောက်ဆုံးသွားခြင်းအပေါ်တွင်သာ သူမကိုယ် သူမ အပြစ်တင်ရပေတော့မည်။ တစ်စုံတစ်ယောက်ထံမှ အနွေးဓာတ်ကို ရယူခဲ့ချင်ရုံသာဖြစ်ပြီး ထိုသူကလည်း စိတ်လိိုလက်ရ ရှိနေမှတော့ သူမ ဒါကို နက်နက်နဲနဲ မတွေးတော့ပေ။ ရလဒ်အနေဖြင့် ဆင်ခြင်တုံတရားနှင့် လေးနက်စွာ တွေးတောဖို့ရာက နောက်ကျသွားခဲ့ပြီဖြစ်သည်။

ဒါကို နှစ်သက်ခဲ့သည်ကိုတော့ သူမလည်း တုန့်ဆိုင်းစွာပင် ဝန်ခံရပေလိမ့်မည်။ ထိုနှာဗူးကောင်သည် ဘူးသီးခြောက်အခွံသက်သက်ဟုသာ သူမတွေးမိခဲ့သည်... ဤမျှလောက် ကျွမ်းကျင်နေလိမ့်မည်ဟူ၍ သူမ မတွေးထားခဲ့မိပေ။ အကြိမ်ပေါင်းများစွာ လျော့ပေါ့ပေးဖို့ တောင်းဆိုရင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

သူမအတွင်းသို့ ထိုးသွင်းပေးပါရန် ဘယ်လိုတောင် တောင်းဆိုခဲ့ရသည်ကို မှတ်မိလိုက်သည်နှင့် ချူးဝေ သူမ ခေါင်းကို စောင်ပုံထဲတွင်သာ မြုပ်ထားမိလေရင်း စိတ်ပျက်စွာဖြင့်သာ ညည်းညူမိလိုက်တော့သည်။ သူမ ဘဝတွင် ဤမျှလောက် တစ်ခါမှ မရှက်ရွံ့ခဲ့ဖူးပေ... ပြီးတော့ သူ့ကို စိတ်မဝင်စားဘူးဟူ၍ ပြောပြီးခါစလေးတင်ပင်။ ထို့နောက် သိပ်မကြာခင်မှာတော့ သူမ အစားခံလိုက်ရတော့တာဖြစ်သည်။

မဟူရာဧကရီ (Dark Empress) |Completed|Where stories live. Discover now