Chapter 3.1

8.8K 842 12
                                    

Unicode~

"ကိုယ်တော့် ဧကရီ..."

အဲတာက ငါလေးမှ မဟုတ်တာ... ဘာကိုဆိုလိုတာလဲ?

ကျန်းချူးဝေ တုန်ရီသွားရသည်... ဒါကို ထပ်မစဉ်းစားနဲ့တော့... အဲဒီယောကျာ်းရဲ့ အပြုံးနဲ့ကတင် သူ ကောင်းတာမဟုတ်သည့် အရာတစ်ခုကို ကြံရွယ်နေလေမှန်း လူတိုင်းပြောနိုင်သည်။ သူ့ အမူအရာက အရုပ်အသစ်တစ်ခုကို ရလိုက်ခါစလိုမျိုး ဖြစ်၍နေသည်။ အရုပ်တစ်ရုပ်လို အမြင်ခံရသည်ဆိုသည့် အချက်က ချူးဝေကို မပျော်မရွှင်ဖြစ်စေသည်။

သို့သော် သူ့အမိုးအောက်တွင် နေနေရပြီး နန်းတွင်းထဲတွင် သူမက အားနည်းသည့် ရပ်တည်ချက်သာဖြစ်လေမှန်း ကောင်းစွာ နားလည်၍နေသည်။ သူမ ရန်ဘက်က ကျားတွေ ဝန်းရံထားသည့် ဧကရာဇ်ဖြစ်နေသည်... သူက ထိုစကားကို ပြောလာသည်ကို ကြားလိုက်ရချိန်တွင် ဘာကိုဆိုလိုချင်မှန်း သူမ နားမလည်သည့် အတွက် ဒီအတိုင်း စောင့်ကြည့်ဖို့သာ တတ်နိုင်တော့သည်။

သူ့ကို တစ်ချက်ချောင်းကြည့်လိုက်သည်။ သူမ နံဘေးတွင် သူထိုင်နေပြီး ခရမ်းရောင် ဝတ်ရုံကိုဝတ်ဆင်ထားကာ ဝတ်ရုံလက်နှင့် စကပ်ပေါ်တွင် ရိုးရာ နဂါးကို ပန်းထိုးထားပြီး ခါးပတ်၏ အဆုံးတွင် ကျောက်စိမ်း ဆွဲပြားကို ချိတ်ဆွဲထားသည်။ သူ့ခေါင်းပေါ်တွင်တော့ ဇီကျင်း သရဖူ ပင်။(TN.1)

သူ၏ ပုံစံက ခန့်ညားပြီး ဗဟုသုတ ကြွယ်ဝသည့် ကွန်ဖြူးရှပ် ပညာရှင်နှင့်တူသော်ငြား သူ၏ နဖူးကတော့ မာန်ပါပြီး ကြောက်ရွံ့စေသည့် အသွင်ကိုဆောင်နေကာ မည်သူကမှ သူ့ကို အထင်သေးခွင့် ပြုမနေသလိုပင်။ ပြောရရင်တော့ သိုးရေခြုံ ဝံပုလွေလိုမျိုးပေါ့။

"လူအရေခြုံ မကောင်းဆိုးဝါးပဲ..."

လေသံ သဲ့သဲ့ဖြင့် သူမ အထင်အမြင်သေးစွာ တိုးတိုးပြောလိုက်သည်။

ဆင်စွယ်ရောင် တူကို ကိုင်ထားသည့် ရှဟောက်ရင် လက်က ငြိမ်ကျသွားသည်။ သူမ တိုးတိုးသာ ပြောလိုက်သော်ငြား ကိုယ်ခံပညာကို လေ့ကျင်လာခဲ့သည့် လူတစ်ယောက်အနေဖြင့် သူ့အကြားအာရုံသည် ချွင်းချက်မရှိပေ။

မဟူရာဧကရီ (Dark Empress) |Completed|Where stories live. Discover now