Chapter 8.1 🚗

10K 723 21
                                    

Unicode~

အောက်ပါအကြောင်းအရာတို့သည် ၁၈နှစ်အောက် ကလေးငယ်များနှင့် မသင့်တော်သည့် အကြောင်းအရာများ ဆိုးရွားစွာ ပါဝင်ပါသည်။

Smut မနှစ်မြို့သူများ Chapter 8.1 ကို မဖတ်သင့်ပါ။

ညဉ့်သန်းခေါင်ယံချိန်တွင် ကျန်းချူးဝေ ထိတ်လန့်စွာဖြင့် နိုးလာမိသည်။

ရီဝေဝေ မျက်လုံးတို့က ဟိုဟိုဒီဒီဝေ့ကြည့်လိုက်ချိန်တွင် သူမ ခြင်ထောင်၏ အပြင်ဘက်တွင် ရပ်နေသည့် အဖြူရောင် ပုံရိပ်လေးတစ်ခုကို မြင်လိုက်ရတော့သည်။ ရှော့ခ်ရသွားသည်နှင့်အတူ သူမ၏ အိပ်ချင်နေသည့် စိတ်တို့သည်လည်း ချက်ချင်းပင် လွင့်ပျယ်သွားရတော့သည်။

ထိုသူ့ကိုကြည့်ပြီး သူမ ဘာမှ မပြောလေပဲ လက်သည်းတို့ကိုသာ အယောင်ယောင်အမှားမှားဖြင့် ကိုက်ထားမိရင်း ကျန်လက်တစ်ဖက်ကတော့ သူမ၏ ဗိုက်လေးကို ကိုင်ထားမိသည်။

တခဏမျှအကြာတွင် သက်ပြင်းချသံသဲ့သဲ့ကို သူမ ကြားလိုက်ရပြီး ထိုသူက သူမ အိပ်ယာနားသို့ ချဉ်းကပ်လာသည်။ သူမ ရင်ဘတ်ထဲက နှလုံးသားလေးကတော့ တဒိန်းဒိန်းခုန်၍နေသည်။ ခြင်ထောင် ပွင့်သွားသည်နှင့်အတူ မွေ့ယာက သိမ့်ကနဲဖြစ်၍သွားပြီး သူ့ကို သူမ မြင်လိုက်ရသည်။ အကြောင်းရင်းမရှိပါပဲနှင့် သူမ မျက်လုံးတွေနှင့် နှာခေါင်းတို့သည် ကျိန်းစပ်လာပြီး ငိုချင်သလိုလိုခံစားလာရတော့သည်။

အိုး... ဒါကြောင့်ပဲ ကိုယ်ဝန်ဆောင်နေရတာကို မုန်းတာ!!!! ဒါက သူမကို အားနည်းသလို ခံစားရစေသည်။

မျက်ရည်တို့ကို သိမ်းထုပ်ထားရင်း သူ့ကို သူမ တိတ်ဆိတ်စွာသာ ကြည့်နေမိသည်။ သူသည်လည်း စကားတစ်ခွန်းမဆိုပေ။ နှစ်ဦးသား လှုပ်ရှားခြင်းပင် မရှိပါ။ အမှောင်ထဲတွင် တစ်ဦးကို တစ်ဦး ဒီအတိုင်းသာ စိုက်ကြည့်နေကြလေသည်။

အချိန်အကြာကြီး ကုန်ဆုံးသွားပြီးမှသာ နွေးထွေးလှသည့် လက်ဖဝါးပြင်က သူမ၏ လုံးဝန်းသည့် ဗိုက်လေးကို အုပ်ကိုင်လာတော့သည်။ သူမ တုန်ယင်သွားပြီး လက်ကို ပြန်ရုတ်မိလိုက်သည်။ သို့သော် သူသည် လက်ကို ဖယ်မသွားလေပဲ သူမ၏ ညဝတ်ဝတ်ရုံ ပါးလျလျကို ဆွဲလှန်လိုက်ရင်း သူမ ဗိုက်ကို ဆက်၍သာ ညင်ညင်သာသာ ပွတ်သပ်ပေးနေသည်။

မဟူရာဧကရီ (Dark Empress) |Completed|Where stories live. Discover now