Chapter 1.1

10.1K 961 20
                                    

Unicode~

သူမ၏ ခန္ဓာအသစ်နာမည်က စုရှုရုန်ဟု ခေါ်သည်။... အသက်က ၁၉နှစ်ဖြစ်သည်။...

ပြီးတော့ သူမသည် ရှန်းယွမ်မင်းဆက်ရဲ့ ဧကရီတစ်ယောက်ပင်... သမိုင်းက ချူးဝေအတွက် မသင့်တော်မကိုက်ညီလေသော်ငြား တရုတ်သမိုင်းတွင်တော့ ရှန်းယွမ်မင်းဆက်မရှိလေဘူးဆိုတာ သူမ လုံးဝ သေချာလွန်းလှသည်။

သူမ ခေါင်းကိုက်သွားရသည်။ နားထင်ကို ဖိကာပွတ်မိတော့သည်။ ဘာကိုစဉ်းစားရမှန်းတောင် မသိတော့ပေ။

ရှေးခေတ်သို့ ခန္ဓာကူးပြောင်းကိုကူးပြောင်းလာရမည်ဆိုဦးတော့ သူမသိသည့် မင်းဆက်တစ်ခုခုတော့ ဖြစ်သင့်သည်မဟုတ်ပါလား... ဒါမှသာ နတ်ဘုရားတစ်ပါးပါးထံမှ သံတမန်တစ်ဦးလို သူမ ပြုမူနိုင်လိမ့်ဦးမည်လေ။

ဒါပေမဲ့ အဲဒီအစား အမျိုးအမည်မသိသည့် အချိန်ကာလ၊ နေရာဒေသနှင့် ဧကရီတစ်ပါး၏ ခန္ဓာကိုယ်ထဲကိုမှ သူမ ရောက်နေခဲ့သည်မဟုတ်ပါလား။

ဒီလိုမဟူရာအသားအရည်က ဘယ်လိုများ ဧကရီဖြစ်လာရတာလဲ?

ကျေးဇူးပြုပြီး၊ ဧကရာဇ်ဘာတွေတွေးနေသလဲဆိုတာကို သူမ နားမလည်နိုင်သော်ငြား ယောကျာ်းတွေ ဘာကိုတွေးသလဲကိုတော့ သူမ နားလည်သေးသည်။

ယောကျာ်းတစ်ယောက်က ဒီလိုမိန်းမမျိုးကို တိုင်းပြည်၏ ဧကရီအရာထားလိမ့်မည်မဟုတ်ပေ။ ဒီတော့ ဒီမိန်းမတွင် တန်ဖိုးတစ်ခုခုရှိလိမ့်မည်၊ ဒီအတွက်သာလျှင် ဧကရာဇ်က မျက်စိစုံမှိတ်ကာ ရုပ်ဆိုးဆိုးဧကရီတစ်ယောက်ကို တင်မြှောက်လိုက်ရခြင်းဖြစ်လိမ့်မည်။

နန်းတော်ထဲ ရက်အနည်းငယ်ကြာနေထိုင်ပြီးချိန်မှာတော့ အခြေအနေ၏ အကြမ်းဖျင်းကို သူမ စတင်ကာ နားလည်လာရတော့သည်။ ရှုရုန်သည် ဧကရီဖြစ်သော်ငြား ဧကရာဇ်၏ ချစ်ခင်မြတ်နိုးခြင်းကို လုံးဝ မရရှိထားပေ။ ဒါကတော့ သဘာဝပင်ဖြစ်သည်။

မောင်းမဆောင်ထဲတွင် မြောက်မြားလှစွာသော "ဖြူလွှလွှ ပူစီပေါင်း ခပ်ငယ်ငယ် ဝါဂွမ်းလုံး" လို အလှလေးများရှိနေမှတော့ သူက ဘယ်လိုများ မီးသွေးတုံးတစ်တုံးကို လာခလုတ်တိုက်ချင်ပါတော့မလဲ။

မဟူရာဧကရီ (Dark Empress) |Completed|Where stories live. Discover now