Chapter 7.2

7.1K 750 18
                                    

Unicode~

ချူးဝေ အအေးနန်းဆောင်သို့ ပို့ခံလိုက်ရတော့သည်။

အတိအကျပြောရလျှင် အအေးနန်းဆောင်တွင် အကျဉ်းချခံလိုက်ရသည်ဟု ပြောရပေမည်။ ရှရှီနှင့် ချွမ်းရှီတို့အစား အထိန်းတော်အိုကြီးတစ်ယောက်နှင့် နေရာတိုင်းတွင် အစောင့်ပေါင်းများစွာက အစားထိုးခံလိုက်ရတော့သည်။ သူမ သွားနိုင်သည့်နေရာကတော့ သူမ အိပ်ခန်းနှင့် ဥယျာဉ်ထဲသို့သာပင်။

သေချာပေါက် ချူးဝေ ဒေါသထွက်ရသည်... ဘာကြောင့် အဲဒီမကောင်းတဲ့ကောင်က သူမကို ဒီလိုလုပ်ရတာလဲ?

သို့သော် ဒေါသထွက်နေလျက်ပင် ဒီအချက်တွေကို သူမ မပြောင်းလဲနိုင်လေးမှန်း နားလည်၍နေသည်။

ဒီကောင်က ဧကရာဇ်ဆိုတာကို သူမ ဘယ်လိုများ မေ့သွားမိတာလဲ!!!

အအေးနန်းဆောင်သို့ ဆွဲခေါ်လာခံရပြီးနောက် ဒါကို သူမ ဆိုးရွားစွာ တွေးမိသွားပါတော့သည်။

သူသည် ဧကရာဇ်တစ်ပါးပင်...

လူသတ်နိုင်သည့် အာဏာကို ပိုင်ထားသည့် ဧကရာဇ်အနေဖြင့် သေချာပေါက် သူမကို ပါးစပ်ပိတ်အောင် လုပ်နိုင်စွမ်းရှိသည်။

သူမက ဘာမို့လို့လဲ?

ဧကရီ၏ ခန္ဓာကိုယ်ထဲ ကူးပြောင်းလာသည့် ဝိဉာဉ်တစ်ခုမျှသာပင်။


ရှုရုန်၏ ဂုဏ်ဒြပ်တွင် ပျော်မွေ့မိသည့် သူမကိုယ်သူမ ရှက်ရွံ့မိသည်၊ နန်းတော်ထဲတွင် အလိုလိုက်ခံနေရသည့်အတွက် ဒါကို ကျေးဇူးတင်ရကောင်းမှန်းလည်းမသိသလို ဧကရာဇ်ကို ဒေါသပင်ထွက်စေခဲ့သည်။ အဆုံးသတ်ကျတော့ ဒါတွေအားလုံး ပြီးဆုံးသွားမည်ပင်။

ငါးလကိုယ်ဝန်ဗိုက်လေးကို ကိုင်ရင်း သူမ လေးပင်စွာဖြင့် သက်ပြင်းချလိုက်ပါတော့သည်။

ဒီနန်းဆောင်ထဲတွင် သူမ နေထိုင်ခဲ့တာ လေးလရှိပြီးဖြစ်သည်... ကလေးကို သူမ သေချာပေါက်မဖျက်ချခဲ့ပေ။ ထိုအချိန်တုန်းက သူမ ကြောက်လွန်းပြီး ဒေါသထွက်လွန်း၍သာ ပြန်ခံပြောခဲ့ခြင်းဖြစ်သည်။

မဟူရာဧကရီ (Dark Empress) |Completed|Where stories live. Discover now