အပိုင်း ၂၇

8.9K 637 63
                                        

 Unicode

နံနက်ခင်း၏ အလင်းရောင်သည်ကား မဟူရာရောင်လိုက်ကာစကို အလင်းဟပ်လို့လာချေ၏။ အလင်းရောင် ခပ်မှိန်မှိန်တို့သည် ရှောင်ဟန်၏ မျက်နှာပေါ်သို့ ခပ်ရေးရေး ကျရောက်လာလေသည်။
အချိန်ခဏအကြာတွင် ရှောင်ဟန်၏ မျက်လုံးများသည်ကား ဖြည်းညှင်းစွာ ဖွင့်ဟလာခဲ့သည်။ ရှောင်ဟန်သည် အိပ်ရာမှ မ ထသေးဘဲ မျက်ဝန်းများကို ပြန်လည်မှိတ်လိုက်ကာ ခပ်ယဲ့ယဲ့လေး တစ်ချက်ပြုံးလိုက်ပေသည်။
သူသည် အရင်နေ့ရက်များအတွင်း သူ သိချင်နေသည့် ကိစ္စတစ်ခုကို စိတ်မတင်မကျဖြစ်နေသည့် အတွက်ကြောင့်  ချက်ချင်းမထသေးဘဲ နေနေရတာ ဖြစ်သည်။
သူသည် မိမိဘေးတွင် အိပ်နေသည့် ကျိုးယွင် အိပ်ရာမှ ထမည့် အချိန်ကို စိတ်ရှည်စွာစောင့်ဆိုင်းနေမိသည်။

အရင်အခါများတွင်တော့ သူက ကျိုးယွင် ထခိုင်းမှသာ အိပ်ရာမှ ထရသည်ဖြစ်သော်လည်း ကျိုးယွင်မနှိုးခင် မိမိ၏သဘောဖြင့် တိတ်တဆိတ် ခိုး၍ ထဖူးသည့် အချိန်အခါများလည်းရှိခဲ့သည်။

ကျိုးယွင်က မေးလာလျှင်တောင် အလိမ်အညာစကားလေးဖြင့် "သန့်စင်ခန်းဝင်ချင်လို့ပါ... မဟုတ်ရင် ကောအတွက်  ကျန်းမာရေးကောင်းတော့မှာ မဟုတ်ဘူး... အားယွင်လည်း ကောကို အဲ့လိုမဖြစ်စေချင်ဘူး ဟုတ်တယ်မို့လား"ဟု ပြောပြီး ဆင်ခြေပေးလိုက်ရင် အရာအားလုံးကအဆင်ပြေပြေဖြင့်ပြီးစီး ပြီးသားပင်။

သို့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းများတွင် ကျိုးယွင်က သူ့ထက်ပင် ပို၍ စောစီးစွာ အိပ်ရာနှိုးပြီးမြဲဖြစ်နေလေသည်။ တစ်ခါနှစ်ခါက ကိစ္စမရှိခဲ့ပေမဲ့ ယခုဆိုလျှင် ရက်အရေအတွက်သည် လက်ဆယ်ချောင်းပင် ကျော်ချေပြီ ဖြစ်သည်။ ပြီးတော့ ကျိုးယွင်သည်ကား စောစီးစွာပင် ရေတောင်ချိုးထားလိုက်သေးသည်။

ဒီလောက် အေးစက်နေတဲ့ ရာသီ ဉတုကြီးမှာလေ...
နောက်ပြီး သူရှိနေတဲ့ အချိန်များတွင် ဆိုလျှင် ရေချိုးသည်ကိုလည်း တစ်ခါမှမမြင်ပေ..

သူ မအားလပ်သည့် အချိန်များတွင်သာ ကျိုးယွင်က
ရေချိုးလေသည်။

အစက မပြောဖို့ သူစဉ်းစားထားပေမဲ့ အခုတော့မရတော့ဘူး... ဘာ့ကြောင့်လည်းဆိုတာ သူသိချင်နေပြီ...

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now