Part(5)

12.5K 357 5
                                    

ခွမ်း.....

             သူဖန်ခွက်ကိုပစ်လိုက်တော့ဖန်ကွဲစတွေကခခရဲ့ခြေထောက်လေးမှာလာပြီးစိုက်နေခဲ့သည်။

"ချစ်ခွန်းခ..."

"ဟုတ်ကဲ့"

"မင်းငါ့အမိန့်ကိုငြင်းဆန်နေတာလား...ထိုင်လိုက်ငါဒီထပ်စိတ်မတိုခင်"

"......."

"ထိုင်.....စား"
               
             ခခလည်းသူနဲ့စကားထပ်မပြောချင်တော့လိုသူပြောသလိုပဲထိုင်ပြီးထမင်းပဲစားနေလိုက်တော့သည်။

"ဖြေးဖြေးစားပါ...မင်းနောက်ကျားလိုက်နေလို့လား"  

"ကျွန်မစားလို့ပြီးပြီ....." 

"ဘယ်သွားမလို့လဲ...မင်းကိုငါသွားခိုင်းလို့လား"

"ဟုတ်ကဲ့သခင်လေး...ဘာများခိုင်းဖို့ကျန်သေးလို့လဲ"  

"သွား တော့......."  

          ခခလည်းအလုပ်သမားတွေနဲ့အတူကူလုပ်ပေးနေရတာပင်ပန်းတာတော့အမှန်ပင်.....ခြေလက်တွေလည်းညောင်းကိုက်နေပြီ

"ထမင်းစားကြမယ်...သီတာအပြင်ကလူတွေကိုခေါ်လိုက်တော့" 

"ဟုတ်ကဲ့..."  

"ဟို....အိမ်တော်ထိန်း...ခခနားလို့ရမလား...ခခဒီနေ့တစ်နေ့လုံးပင်ပန်းနေလို့"

"နားလို့ရပါပြီ" 

"ဒါနဲ့လေ...ခခရဲ့အခန်းကဘယ်မှာလဲ"

"အပေါ်ထပ်ကအရင်အခန်းပါပဲ"

"ဟုတ်ကဲ့ဒါဆိုခခနားတော့မယ်..."

"ချစ်ခွန်းခ"

"ဘာများအလိုရှိလို့လဲ...သခင်လေး"

"ထိုင်အုန်း...ငါပြောစရာရှိတယ်"

"ပြောပါ..."

"မင်းကျောင်းတက်ဖို့ကိစ္စကိုမင်းအဒေါ်ပြောလာတယ်မင်းဘယ်လိုလုပ်မှာလဲကျောင်းဆက်နေချင်သေးလား"

"တက်ချင်တယ်ဆိုရင်ရော...သခင်လေးကတက်ခိုင်းမှာလား"

"အိမ်အလုပ်တွေကောမင်းကျောင်းတစ်ဖက်နဲ့လုပ်နိုင်လို့လား"

"လုပ်နိုင်ပါတယ်"

"ပြီးရော...မင်းအဒေါ်အိမ်မှာလိုငါကျောင်းလိုက်ပို့မှာမဟုတ်ဘူးနော်...မင်းအဲ့ဒါကိုသိထား"

လျှို့ဝှက်သောချစ်ခြင်းတရား(Complete)Where stories live. Discover now