Part(25)

8.2K 242 12
                                    

"မနန်းမို.....ဘာချက်ထားတာလည်းမွေးနေတာပဲ"

"ပုစွန်ချက်နေတာပါ သခင်မလေး"

"ကျက်ပြီလား...ခခစားချင်လို့"

    
           သွားပြီ နန်းမိုတော့အခက်တွေ့ပြီ ပုစွန်ချက်က မမလေးစိမ်းချက်ခိုင်းထားတာ ဘယ်လိုလုပ်ရမလဲ...အခက်တွေ့နေပြီ

"အိမ်တော်ထိန်း....."

"ဘာလည်း...ပြော"

"ပုစွန်ချက်ကိုသခင်မလေးကစားချင်လို့တဲ့...အဲ့တာ"

"ဘာများလည်းလို့...စားချင်ရင်ကျွေးလိုက်လေ ကိုယ်ဝန်သည်တွေကစားချင်စိတ်ရှိတာကောင်းတယ် ကျွေးလိုက်"

"ဟုတ်ကဲ့....."

                 နန်းမိုလည်း အိမ်တော်ထိန်းရဲ့ခွင့်ပြုမိန့်ရပြီဆိုတော့စိတ်အေးရပြီလေ....

"မနန်းမို...ကြာလိုက်တာ ခခဗိုက်ဆာနေပြီ"

"လာပါပြီသခင်မလေး..."

             ခခလည်းပုစွန်ချက်နဲ့စားကောင်းကောင်းနဲ့စားလိုက်တာထမင်းသုံးပန်းကန်နဲ့ပုစွန်ချက်ကတော့အားလုံးပြောင်ပဲ....

"နန်းမို....မနက်ကငါချက်ခိုင်းထားတဲ့ပုစွန်ရပြီလားငါထမင်းစားတော့မယ်"

"ဟို....မမလေး...."

"ဘာလဲ.....ဘာဖြစ်နေတာလည်းမျက်နှာက ငါထမင်းစားမယ်လို့ပြောတာမကြားဘူးလား"

"မမလေး...ပုစွန်ချက်ကကုန်သွားပါပြီ"

"ဘာ....အဲ့လောက်အများကြီးကိုဘယ်လိုကုန်သွားရတာလည်း...ပြောစမ်း"

"မမလေး....နန်းမိုရှင်းပြပါမယ်အဲ့ဒါကလေပုစွန်ချက်က"

"ခခ စားလိုက်တာဘာများဖြစ်လို့လည်း..."

"အဲ့ဒါငါစားဖို့ချက်ခိုင်းထားတာ....နင်ကဘာလို့စားတာလည်းစားတော့လည်းအကုန်လုံးစားလိုက်တယ်တော်တော်ကိုတရားလွန်တာပဲနင်ကငတ်ကြီးကိုကျတယ်"

"ဒီမှာ ရှင်ဘယ်လိုပြောလိုက်တာလည်းဘာကိုငတ်ကြီးကျရမှာလည်း...သူ့ဘာသာစားနိုင်တာတော့မတက်နိုင်ဘူးလေလူကိုများစော်စော်ကားကားနဲ့ ရှင်စားချင်ရင်ပြန်ချက်ခိုင်းလို့ရနေတာပဲ"

လျှို့ဝှက်သောချစ်ခြင်းတရား(Complete)Where stories live. Discover now