Part(17)

8.6K 256 8
                                    

"အိပ်တော့နော်.....ကိုယ်စောင့်နေပေးမယ်"

"စောင့်စရာမလိုပါဘူး.....သွားအပြင်မှာမနန်းမိုရှိတယ် ရှင့်ဘာသာအိမ်ကြီးမှာသွားပျော်"

"နန်းမိုမရှိတော့ဘူး.....ကိုယ်အိမ်ကြီးကိုပြန်လွှတ်လိုက်ပြီ မင်းတစ်ယောက်တည်းအိပ်ရဲတယ်ဆိုရင်ကိုယ်ပြန်တော့မယ်နော်"

      သူ ရုတ်တရက် ခခနားကနေထွက်သွားတာကြောင့် သူ့ရဲ့လက်ကိုခခလှမ်းဆွဲလိုက်သည်။

"ဟို.....မနေရဲဘူး...မသွားနဲ့ ကျွန်မအိပ်ပျော်တဲ့ထိနေပေး"

"Ok.....ကိုယ်နေပေးမယ်အိပ်တော့.....အိပ်လေဘာထိုင်လုပ်နေတာလဲ"

"ရှင်ဘာလို့ကျွန်မကိုဒီမှာလာနေခိုင်းတာလဲ"

"မင်းကသိချင်လို့လား....."

"အင်း...."

      သူရဲ့စကားကို ခခမျက်နှာငယ်လေးနဲ့ပြန်ဖြေလိုက်မိသည်။

"စိမ်းနဲ့အဆင်မပြေမှာဆိုးလို့ ကိုယ်မင်းကိုအခက်မတွေ့ခိုင်းစေချင်ဘူးအဲ့ဒါကြောင့်"

"စိမ်းကရှင်နဲ့ဘာတွေလဲပြောပြလို့ရမလား"

"အိပ်တော့ အချိန်လဲမစောတော့ဘူး...ကိုယ်ဖုန်းသွားပြောလိုက်အုန်းမယ်"

                          စစ်သွေးမာန် တွေဝေးသွားတာတော့အမှန်ပင် စိမ်းနဲ့ကတချိန်ကလက်ထပ်ဖို့ထိအစီစဥ်တွေရှိခဲ့ပင်မယ့်မဖြစ်လာခဲ့ဘူးလေ.....ဘယ်သူဘက်ကမာနတွေနဲ့မှားယွင်းသွားလဲဆိုတာမသိတော့ဘူး.....အခုတော့အဲ့ဒီအကြောင်းတွေကို ခခကိုပြောပြဖို့ဆိုတာမဖြစ်နိုင်သေးဘူး။

"သခင်မလေး သခင်မလေး"

"အင်း....."

"ကျောင်းနောက်ကြမှာဆိုးလို့လာနိုးတာပါ"

"အော်....ကျေးဇူး ခခညကနည်းနည်းနောက်ကြမှအိပ်တော့မနိုးဘူးဖြစ်သွားတယ် ကြည့်ပါအုန်း ၈နာရီတောင်ထိုးနေပြီ"

       ခခ ပြောလဲပြောအိပ်ယာပေါ်ကထရင်းရုတ်တရက် ခန္ဓာကိုယ်ကမိုက်ခနဲဖစ်သွားသည်။

"သခင်မလေး ရရဲ့လား"

"ရတယ် မနန်းမို ခခနောက်ကြမှအိပ်လို့ထင်တယ်ဘာမှမဖြစ်ဘူး မနန်းမိုလုပ်စရာရှိတာသွားလုပ်တော့လေ"

လျှို့ဝှက်သောချစ်ခြင်းတရား(Complete)Where stories live. Discover now