Part(11)

9.9K 263 9
                                    

"အကိုဂျိမ်း....."

"နွေး....နွေး..."

ဂျိမ်း မိမိရှေ့ကိုရောက်လာတဲ့ကောင်မလေးကိုကြည့်ပြီး နာမည်ကိုအထစ်ထစ်အငေါ့ငေါ့ခေါ်နေမိသည်။

"နွေးစံပါ မတွေ့တာကြာတော့နာမည်ပါမေ့နေပြီပေါ့ 😁"

"အဲ့လို့မဟုတ်ပါဘူး....."

"ဟို အကိုဂျိမ်း...ဟို ခခမေ့လဲသွားတဲ့နေ့က ခခလက်ထဲကအထုပ်လေးတွေ့မိလား"

"ဖိုင်အိတ်အမဲလေးလား သခင်မလေး"

"ဟုတ်တယ် အဲ့ဒါလေးကောဘယ်မှာလဲ ခခရှာမတွေ့လို့"

"သခင်လေးယူသွားတယ်လေ သခင်မလေးကိုပေးမယ်ဆိုပြီး"

"ဟမ်း....အခုထိမပေးသေးဘူး နွေး ခနအကိုဂျိမ်းနဲ့နေခဲ့အုန်းနော်ငါအပေါ်ခနသွားလိုက်အုန်းမယ်...အကိုဂျိမ်း နွေးကိုထားခဲ့မယ်နော်"

"အင်း....အကိုဂျိမ်းထိုင် ကြာစံဟင်းခါးစားသွားစားရအောင်"

"အကိုစားပြီးပြီ နွေးစံပဲစားတော့နော်"

ဒေါက်.....ဒေါက်.....ဒေါက်......

"ဝင်လာခဲ့.....ဘာပြောမလို့လဲ"

"ဟို......ကျွန်မရဲ့ဖိုင်အိတ်အမဲယူထားတယ်ဆိုအဲ့ဒါဘယ်နားမှာထားထားတာလဲ"

"မင်းအတွက်အရေးကြီးတဲ့ဟာလားအသဲအသန်လာတောင်းနေရအောင်"

"ဟုတ်တယ် ပေးကျွန်မအတွက်အရေးကြီးတယ်"

"ငါကမပေးဘူးဆိုရင်မင်းဘာတက်နိုင်မှာလဲ"

"ရှင်.....တောင်းပန်ပါတယ်နော် ပြန်ပေးပါကျွန်မအဲ့ထဲမှာရှာစရာလေးရှိလို့ပါ"

"ရှာမနေနဲ့ငါရှာပြီးပြီမင်းထပ်ရှာစရာမလိုတော့ဘူး"

"ရှင်ရှာပြီးပြီဆိုလဲပြန်ပေးကျွန်မကိုသူများလက်ဆောင်ပေးထားတဲ့အရာရှင်ယူထားလို့မရဘူး"

"သိပ်ယူထားလို့ရတာပေါ့ကွာငါပိုင်တဲ့ပစ္စည်းတွေကိုမင်းမပိုင်ပင်မယ့်မင်းပိုင်တဲ့အရာမှန်တမျှငါပိုင်တယ် မင်းသိအောင်ရှင်းရှင်းပြောလိုက်မယ်မင်းရဲ့ဖြစ်တည်မူတွေအားလုံးကိုငါပိုင်တယ်"

လျှို့ဝှက်သောချစ်ခြင်းတရား(Complete)Where stories live. Discover now