Part(28)

9K 233 7
                                    

"မိုးစက်ရာယ်  စစ်သွေးမာန်ကရှင့်ကို..."

"တော်တော့ ချစ်ခွန်းခ..."

 
         ခခ လန့်သွားတယ် မိုးစက်ဘာတွေများဒီလောက်ထိစစ်သွေးမာန်အပေါ်နာကျည်းနေရတာလည်း....

"မင်း.....ဘာဖြစ်ချင်တာလည်းပြောလိုက်"

"ငါဖြစ်ချင်တာက မင်းသေဖို့ပဲ မင်းမှတ်မိလား ဦးမြတ်မိုးနဲ့ဒေါ်သိဂီင်္ီကို မှတ်မိမယ်လို့ထင်ပါတယ်"

"မင်းက သူတို့တွေကိုဘယ်လိုသိနေတာလည်း"

"သိပ်သိတာပေါ့ကွာ...ငါ့အဖေနဲ့အမေပဲလေမင်းရက်ရက်စက်စက်သတ်ခဲ့တဲ့သူတွေလေ"

"မင်းမှားနေပြီငါမသတ်ခဲ့ဘူး ငါလုံးဝမသတ်ခဲ့ဘူး....."

"ဘာလည်းမင်းကအခုမင်းအလှည့်ဆိုတော့သွေးပျက်ပြီးငြင်းနေတာလား"

       .........................................................

အတိတ်.....

"သိင်္ဂီ ပစ္စည်းတွေမြန်မြန်သိမ်း သွားကြမယ်"

"ကိုမြတ် သားလေးကော သားလေးကိုထားခဲ့မလို့လား သားလေးကိုစောင့်လိုက်ပါအုန်းနော်"

"မထားခဲ့ပါဘူး...ကိုယ်တို့သွားမယ့်နေရာကိုဖုန်းဆက်လိုက်မယ် သားကိုလိုက်လာခိုင်းလိုက်မယ်"

"ဒါပေမယ့် ကျွန်မတို့အခုဘယ်ကိုသွားကြမှာလည်း ပြောပါအုန်းကိုမြတ်ရာယ်"

"Bloodသခင်လေးနဲ့ငါအားလုံးပြောထားပြီးပြီ ငါတို့အတွက်နေစရာပြင်ထားပေးတယ်လာသွားကြမယ်"

"အင်း...."

"ဒါကဘယ်သွားမလို့လဲအထုပ်အပိုးတွေနဲ့"

"မင်း.....မင်းမောင်"

"မြတ်မိုး မင်းကငါ့လက်ထဲကလွှတ်မယ်လို့ထင်နေတာလားကွ ဟဟ လုံးဝပဲမင်းအတွက်လွှတ်လမ်းဆိုတာမရှိဘူး.....ငါ့အကြွေးတွေအခုပေး"

"ငါတောင်းပန်ပါတယ်ကွာ ငါ့ကိုအချိန်နည်းနည်းပေးပါကွာ ငါBloodသခင်လေးစီကပိုက်ဆံချေးပြီးရင်မင်းရဲ့အကြွေးတွေကိုဆပ်ပါမယ်မင်းမောင်ရာ....နော်အခုတော့သွားခွင့်ပေးပါကွာ"

"ဟ ဟ မြတ်မိုးဟာသတွေပြောတာရပ်စမ်းပါကွာ Bloodသခင်လေးကမင်းကိုပိုက်ဆံချေးပေးဖို့ဆိုတာလုံးဝကိုမဖြစ်နိုင်ဘူးကွဟာသတွေမပြောစမ်းနဲ့"

လျှို့ဝှက်သောချစ်ခြင်းတရား(Complete)Where stories live. Discover now