Part(12)

9.5K 257 6
                                    

"ခခ.....ခခ...."

"​နွေးစံပြန်လိုက်တော့...ဂျိမ်းကိုလိုက်ပို့ခိုင်းလိုက်မယ်  ချစ်ခွန်းခကိုတော့စိတ်မပူပါနဲ့"

"ရှင်.....နွေး....ခခကို"

"ဂျိမ်း..."

"ဟုတ်ကဲ့.....နွေးစံလာပါ ကျွန်တော်လိုက်ပို့ပေးမယ်"

နွေး အကိုဂျိမ်းနဲ့လိုက်လို့တာလိုက်သွားတာ ခခ မေ့လှဲသွားတာကိုကြည့်ပြီးစိတ်မချနိုင်တာတော့အမှန်ပင်ဖြစ်သည်။

စစ်သွေးမာန် ချစ်ခွန်းခကိုကားနောက်ခုံမှာထားပြီးမှန်ထဲကကြည့်နေပြီစိတ်မချဖြစ်နေမိသည်။ဘာလို့လဲဆိုတော့အမှန်တရားတွေသိသွားတဲ့တစ်နေ့သူ့ကိုထားခဲ့မှာကိုကြောက်နေမိတာတော့အမှန်ပင်.....တောင်းပန်ပါတယ် ကလေးရာယ်ကိုယ့်ကိုမမုန်းလိုက်ပါနဲ့ကွာ.....

"ဟင့်.....ဟင်....ဒေါ်လေး....ဒေါ်လေး ခခကိုမထားခဲ့ပါနဲ့....ခခကိုမထားခဲ့ပါနဲ့....ဒေါ်လေး...."

"သတိထားအုန်းလေ..... ချစ်ခွန်းခ"

ခခအနားမှာ သူ့ကိုတွေ့လိုက်ရတာကြောင့် ခခ နာကျင်ရသည်။သူ့ကို ခခမတွေ့ချင်ဘူး.....

"မထိနဲ့ကျွန်မအသားကိုမထိနဲ့.....မထိနဲ့....."

"ချစ်ခွန်းခ....မင်းဘာတွေဖြစ်နေတာလဲငြိမ်ငြိမ်နေစမ်း"

"ရှင့်ကိုမထိနဲ့လို့ပြောနေတယ်လေ.....ရှင်ကျွန်မအဒေါ်တွေကိုပြောင်းခိုင်းလိုက်တာမလား....ရှင်လုပ်တာမလားပြော ပြောစမ်းပါရှင်အဲ့လိုလုပ်လို့ရှင့်အတွက်ဘာရလာမှာလဲအကြွေးတွေအတွက်ကျွန်မရှင်နဲ့လက်ထပ်ခဲ့တယ်ဘယ်လိုကံကြမ္မာလဲကျွန်မဘာတွေများအမှားလုပ်ခဲ့လို့လဲပြောပါအုန်း...."

"တော်တော့....မင်းပြောတာတွေနားထောင်ဖို့ငါအချိန်မရှိဘူး ပြောပြီးပြီမလား....နားလိုက်တော့"

"ကျွန်မကိုကွာရှင်းပေးရှင့်အကြွေးတွေကိုကျွန်မအလုပ်လုပ်ပြီးပြန်ဆပ်မယ်...အခုကွာပေးတော့ကျွန်မကိုလွှတ်မြှောက်ခွင့်ပေးပါတော့ ကျွန်မရှစ်ခိုးပြီး​တောင်းပန်ပါတယ်"

ခခ ကုတင်ပေါ်ကနေဆင်းဖို့ပြင်လိုက်ပေမယ့်အားမရှိ၍လဲကျသွားသည်။

လျှို့ဝှက်သောချစ်ခြင်းတရား(Complete)Where stories live. Discover now