"ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူး"
"နွေးစံရှိလား..."
"မရှိဘူး...အပြင်ထွက်သွားတယ်ပြန်မလာသေးဘူးရှင့်...ပြန်လာရင်ဘယ်သူလို့ပြောပေးရမလဲမသိဘူး"
"စစ်သွေးမာန်..."
ဂျိမ်း အံသြသွားမိတာအမှန်သာမာန်လူတွေရှေ့မှာနာမည်ထုတ်ပြောဖို့မပြောနဲ့စကားတောင်မပြောတဲ့သခင်လေးကအခု....သူ့ပါးစပ်ဖျားကနေကိုယ်တိုင်နာမည်ထုတ်ပြောနေသည်။
"နွေး....."
ခခ ခေါ်သံကြောင့်ကြည့်လိုက်တော့ ခခရဲ့မျက်နှာလေးကကြောက်ရွံမူတွေအပြည့်နဲ့ကြည့်နေရှာသည်။
"ခခ စိတ်မပူနဲ့ငါ မနီကိုသေချာမှာထားတယ်လာဧည့်ခန်းထဲသွားထိုင်ရအောင်"
နွေးစံတို့ အကိုစစ်သွေးမာန်နဲ့အကိုဂျိမ်းကို ကြည့်နေတဲ့နေရာကနေ ဧည့်ခန်းထဲကိုဝင်လာထိုင်လိုက်ကြသည်။
"မမလေး..."
"မနီ...နွေးကဧည့်ခန်းထဲမှာဘာပြောသွားလဲ မနီ"
"မမလေးကိုလာရှာတာပဲ စစ်သွေးမာန်လို့ပြောပါတယ်"
"မနီ နောက်တစ်ခါနွေးကိုလာရှာရင်လဲမရှိဘူးလို့ပဲပြောနော်"
"ဟုတ်ကဲ့ မမလေး"
"နွေးငါတို့ဘယ်လိုလုပ်ကြမလဲသူငါတို့ကိုထပ်လာရှာနိုင်တယ်ဟ"
ကြောက်လန့်တကြားပြောနေတဲ့ ခခရဲ့မျက်နှာလေးကိုကြည့်ပြီး နွေးစိတ်ပူမိတာတော့အမှန် ခခဘယ်လိုများဖြစ်သွားရတာပါလ်ိမ့်ကိုယ်ဝန်ရှိနေလို့များလား.....
"စိတ်မပူပါနဲ့ ခခရာယ်မနက်ဖြန်မာမီတို့ကိုလေယာဉ်ကွင်းပို့ပြီးတာနဲ့....ခခ"
နွေး စကားဆုံးအောင်မပြောပဲအလန့်တကြားကြည့်နေတဲ့နေရာကို ခခကြည့်လိုက်မိတော့.....
"ဘယ်.....ဘယ်လိုလုပ်ဝင်လာတာလဲ"
မိမိကိုအလန့်တကြားနဲ့ကြည့်နေတဲ့ ချစ်ခွန်းခကိုမှန်ထဲကနေဒေါသထွက်နေတာတော့အမှန်ပဲ
"ချစ်ခွန်းခ ဘာတွေအလန့်တကြားဖြစ်နေတာလဲလာလေအပြင်လေးထွက်လာပါအုန်း"
YOU ARE READING
လျှို့ဝှက်သောချစ်ခြင်းတရား(Complete)
Romance(Unicode+Zawgyi) မင်းဦးလေးငါ့ဆီမှာတင်နေတဲ့အကြွေးကိုမင်္ဂလာပွဲနဲ့ကြေလိုက်ပြီးငါ့ဇနီးမယားနေရာမှာထားမယ်မထင်လိုက်နဲ့နော်....ငါ့အိမ်မှာမင်းကအစေခံနဲ့မခြားမနားပဲ....ချစ်ခွန်းခ....မင်းကငါငွေနဲ့ဝယ်ထားတဲ့ကျွန်သာသာပဲ....ငါ့ဆီကမင်းလွှတ်မြှောက်မှာမဟုတ်ဘူး..... ...