Part(29) Ending

14.6K 257 12
                                    

"သခင်လေး.....အိမ်ပြန်နားလိုက်ပါ"

"ဟုတ်တယ် အကိုစစ်သွေးမာန် ဒီမှာနွေးစံစောင့်ပေးနေပါမယ် ပြန်လိုက်ပါနော်"

"အင်း အဲ့ဒါဆိုလည်းအကူညီတောင်းပါတယ်"

"ဟုတ်ကဲ့ပါ...."

     စစ်သွေးမာန် သူမလေးပြန်မှနိုးလာပမလားလို့စိုးရိမ်နေမိတာတော့အမှန်ပဲ...စစ်သွေးမာန်ရဲ့မျှော်လင့်ချက် ကလေးလေးကိုတော့ဆုံးရှုံးလိုက်ရပြီ....သူမလေးကိုထပ်ပြီးတော့အဆုံးရှုံးမခံနိုင်တော့ဘူး...

"မာန်.....ချစ်ခွန်းခအခြေနေဘယ်လိုလည်းသတိရပြီလား"

"ဟင့်အင်း သတိမရသေးဘူးစိမ်း"

"အင်းပါ....နားလိုက်အုန်းနော်မာန်လည်းပင်ပန်းရောပေါ့"

"အင်း....ဒါဆိုအပေါ်တက်တော့မယ်နော်"

"ဟုတ်ပီ....."

          ................................................

"ခခ ငါနဲ့လိုက်ခဲ့ပါနော်...လိုက်ခဲ့ပါ"

"ဟင့်အင်း....မလိုက်ဘူးငါ စစ်သွေးမာန်နဲ့ပဲအတူနေမယ် နင်သွားပါတော့နော် နင်ကောင်းရာဘုံကိုသွားပါတော့မိုးစက်ရာယ်...ငါမလိုက်ပရစေနဲ့....သွားပါတောနော်"

"နင်...သူ့ကိုချစ်လို့လားသူနဲ့နေမယ်ပြောရအောင်...ငါကိုပြောပြပါအုန်း"

"ငါချစ်တယ် ငါစစ်သွေးမာန်ကိုအရမ်းချစ်တယ်ငါသူနဲ့မခွဲနိုင်ဘူး...ငါကိုမခေါ်ပါနဲ့နော်ငါနေခဲ့ပရစေ"

"မေမေ....မေမေ"

"သူ...သူလေးကဘယ်သူလည်းမိုးစက်...ဘာလို့ငါ့ကိုမေမေလို့ခေါ်နေတာလည်း"

"ဒါနင့်သမီးလေးလေ...ငါတို့နဲ့လိုက်ခဲ့ပါငါတို့ပျော်ပျော်ရွင်ရွင်နေသွားရအောင်လာပါ"

"ဟင့်အင်း ဟင့်အင်း မဟုတ်ဘူးငါ့သမီးမဟုတ်ဘူးငါ့သမီးလေးကိုငါမွေးတောင်မမွေးရသေးဘူး ငါ့သမီးမဟုတ်ဘူး...."

"မေမေ သမီးကမေမေရဲ့သမီးပါ မေမေသမီးတို့နဲ့လိုက်ခဲ့ပါနော်မေမေ"

"လိုက်ခဲ့ပါ ချစ်ခွန်းခ"

"ဟင့်အင်း ဟင့်အင်း....မလိုက်ဘူး"

လျှို့ဝှက်သောချစ်ခြင်းတရား(Complete)Where stories live. Discover now