Part(20)

8.3K 232 6
                                    

"အိမ်တော်ထိန်း"

"ဟုတ်ကဲ သခင်လေး"

"ချစ်ခွန်းခ ဘယ်မှာလဲ"

"ထမင်းစားခန်းထဲမှာရှိပါတယ် သခင်လေး"

"သွားခေါ်ခဲ့"

"ဟုတ်ကဲ သခင်လေး"

           ခခ မနန်းမိုတို့နဲ့ဟင်းရွက်တွေကူသင်နေတဲ့ချိန်အိမ်တော်ထိန်းကရောက်လာပါတော့သည်။

"သခင်လေးခေါ်နေတယ်"

"ရှင်....ဟုတ်ကဲ့"

          ခခသိတယ်သူဘာတွေလုပ်ခိုင်းအုန်းမလဲမသိဘူး....သူ့နားကို ခခသွားကိုမသွားချင်ဘူးစိတ်ညစ်သည်။

"ဘာလုပ်နေလို့ဒီလောက်ကြာနေတာလဲ"

"ရောက်ပါပြီရှင့်.....ဘာများခိုင်းမလို့လဲအသိဘူး"

"ငါ့အခန်းထဲမှာလျှော်စရာအဝတ်တွေရှိတယ်
...မင်းအဲ့ဒါတွေကိုသွားလျှော်အခု"

"ဟုတ်ကဲ့"

"စက်နဲ့လျှော်ခိုင်းတာမဟုတ်ဘူးနော်.....လက်နဲ့မင်းလက်နဲ့ကိုယ်တိုင်လျှော်ကြားလား"

             ကြည့်အုန်းဘယ်တုန်းကများလက်နဲ့လျှော်တာကြနေတာပဲအခုမှအနိုင်ကျင့်ဖို့အတွက်....လက်နဲ့အဝတ်လျှော်ခိုင်းသည်။တော်တော်ကိုတရားလွန်တဲ့သူပဲ

"ဟုတ်ကဲ့ပါရှင့်"

"မာန်....."

"စိမ်း.....ဘာဖြစ်လို့လဲ"

"ငါ့အဝတ်တွေကောလျှော်ခိုင်းလို့ရမလား...စက်နဲ့လျှော်တာတွေကသိပ်မပြောင်လို့"

"အင်း ရတယ်လေ....ချစ်ခွန်းခ...စိမ်းရဲ့အဝတ်တွေလဲလျှော်လိုက်...."

"ဟုတ်ကဲ့ပါ"

      
           အမလေး....ငါ့ကိုသေအောင်များသတ်နေကြတာလားမသိဘူးဘယ်လိုလူတွေလဲ...ခခ တွေးရင်းစိတ်ပျက်မိသည်။

"ရော့.....ဒီမှာသေချာလျှော်နော်...ငါ့အဝတ်တွေကစျေးကြီးတယ်"

"ဟုတ်ကဲ့"

"နင်သိအောင်တစ်ခုပြောလိုက်မယ်နော်.....ကိုယ့်အဆင့်ကိုသိ.....မာန်ကနင့်ကိုဘယ်လိုတော်ကောက်ထားလဲတော့မသိဘူးသေချာတာတစ်ခုကတော့ငါကမကြာခင် မာန်ရဲ့မိန်းမဖြစ်လာတော့မှာနင်မျှော်လင့်မနေနဲ့"

လျှို့ဝှက်သောချစ်ခြင်းတရား(Complete)Where stories live. Discover now