အပိုင်း ၂၈

8.3K 567 109
                                        

Unicode

ရှန်ဟိုင်းမြို့၏ နာမည်ကြီးပြီး ခေတ်လူငယ်တွေရဲ့ဘဝအိမ်မက်လို့တင်စားကြရသည့် Blood Drops Club ဟု အမည်ရှိတဲ့အဆောက်အဉီးကြီး၏ အရှေ့တွင် လူစုလူဝေးတစ်ခုသည်ကား သိပ်သည်းများပြားလျက်ရှိလေသည်။ အရွယ်ရောက်ပြီးသား လူငယ် လူရွယ်များပင်မကဘဲ အရွယ်ရောက်ရန် လိုပါသေးသည့် သူများလည်း ပါရှိသေးသည်။
ရောက်ရှိနေသည့် လူငယ်လူရွယ်များနဲ့ ကောင်မလေးများအားလုံးသည် လူကုန်ထံအသိုင်းအဝိုင်းမှ ပေါက်ဖွားလာကြသူတွေဆိုတာ မငြင်းနိုင်ပေ။
အကုန်လုံးသည်ကား အလားအလာကောင်းသည့် အိမ်တော်များမှ သားသမီးများပင်။

သို့သော်လည်း သူတို့ရရှိထားသည့် သတင်းစကားများကြောင့် သူတို့၏ ဂုဏ်ဒြပ်များကို ဘေးချိပ်ထားပြီး ယခုလို Club၏ အပြင်ဘက်တွင်ယောက်ယက်ခတ်စုဝေးနေကြတာဖြစ်သည်။

ပေါင်ရင်းအထိသာရှိသည့် စကပ်အကြပ်ကို လယ်ဟိုက်ခါးတို အက်ျီနှင့် တွဲဖက်ဝတ်ဆင်ထားသည့် ခပ်ဟော့ဟော့ကောင်မလေးတစ်ယောက်သည် ဘေးနားရှိ မျှော်တော်ယောင်လုပ်နေသည့် သူမ၏ သူငယ်ချင်းအား ကြည့်ပြီး နှုတ်ခမ်းတစ်ချက်မဲ့ကာပြောလာသည်။

"ဟဲ့... နင်ပြောတာသေချာလို့လား...အဲ့ Shine Group ရဲ့ကျိုးအိမ်တော်က လူ... ဒီကိုလာမယ်ဆိုတာ..."

တမျှော်မျှော်လုပ်နေသည့် ကောင်မလေးက ထိုစကားကိုကြားသည့်အခါတွင် မခံချင်သည့်လေသံဖြင့်စကားဆိုလာသည်။

"သေချာတယ်...ဒီသတင်းက အသိအကျရထားတာ...လာကိုလာလိမ့်မယ်...ဘာလို့ဆို အခုခေတ်ထနေတဲ့ ဒီClub အသစ်ရဲ့ ပိုင်ရှင်က သူ့ရဲ့ သူငယ်ချင်းပဲလေ...ပြီးတော့ စောစောကနင်ပြောလိုက်တာ...ဘာတဲ့...ကျိုးအိမ်တော်ကလူ.. ဟုတ်လား...နင်ကသာ အခုမှ ဒီနိုင်ငံကိုပြန်ရောက်တဲ့သူဆိုတော့ သူ့ကို ဘယ်သိမလည်း...သူက ငါတို့ကျောင်းမှာ နာမည်ကြီးဟဲ့ သိရဲ့လား..."

ခပ်ဟော့ဟော့ကောင်မလေးသည် မယုံကြည်ဟန်ဖြင့်

"ဘယ်လောက်တောင် မို့လို့ နင်က အသာကုန် ချီးမွမ်းနေရတာလဲ..."

"ငါဘာလို့ အဲ့လောက်ချီးမွမ်းနေရတာလည်းဆိုတာ...သူရောက်လာမှ နင်သိလိမ့်မယ်...သူ့နာမည်က ကျိုးယွင်...ကျိုးအိမ်တော်ရဲ့ အငယ်ဆုံးသခင်လေး ငါတို့ သူ့ကိုကျောင်းမှာ အမြဲတွေ့ချင်ရင်တောင် အခွင့်အရေးမရဘူး...သူနဲ့ ကလပ်ပိုင်ရှင်လုရှောင်းယွီက ကျောင်းကို လာတာအရမ်းရှားတယ်...
မာနကလည်း အသေကြီးကြတာ...ပြုံးရယ်ပြတာတောင်တစ်ခါမှမရှိဘူး..."

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now