အပိုင်း ၂၉

7.6K 612 96
                                    

Unicode

ယနေ့တွင် အရင်နေ့များနှင့် မတူဘဲ စောစောနိုးနေကာ ရေချိုးပြီးစီး၍ပင် မနက်စာ စားရန်အတွက် စောင့်ဆိုင်းနေပြီဖြစ်သည့် ရှောင်ဟန်ကြောင့် ကျိုးယွင်လည်း မနေနိုင်စွာဖြင့်ပင် တစ်ချက်ပြုံးလိုက်မိသည်။

သူ မနေ့က အိမ်ပြန်ရောက်တော့ ရှောင်ဟန်ကောကို နောက်နေ့ကျရင် ဂေဟာကို အဖေ့အစားလိုက်ပို့ပေးမယ်' ကောနေခဲ့တဲ့ နေရာလေးကို ကျွန်တော်လည်း ရောက်ဖူးချင်တာကြာပြီ' လို့ ပြောထားသည့် အတွက်ကြောင့် ကောက ယခုလို တက်ကြွပြီး အကုန်ပြင်ဆင်၍ပြီးစီးနေတာဖြစ်သည်။

သူ့အတွက်လည်း ဒီနေ့ရက်က ရှောင်ဟန်ကောထက်ပင်ပို၍ စိတ်လှုပ်ရှားနေရသည်။ မည်သည့် အတွက်ကြောင့်လည်းဆိုတာ သူကိုယ်တိုင်သာ သိသည်။
အမှန်တော့ သူ၏ လိုအင်ဆန္ဒတွေကိုမဖြည့်ဆည်းခင်
ရှောင်ဟန်ကောရဲ့ လိုအင်ဆန္ဒကို အရင်ဉီးဆုံးဖြည့်ဆည်း ပေးလိုက်တာဖြစ်၏။

သို့မှသာ ရှောင်ဟန်ကောအတွက်လည်း တရားမည် မဟုတ်လား။
ကောကို ပထမဉီးဆုံး ထိတွေ့ခွင့်ရမည့် အတွက်ကြောင့်လား မသိ။ ထူးထူးဆန်းဆန်းဖြင့်ပင် ယနေ့တွင် သူ၏ စိတ်များသည်လည်း ယောက်ယက်ခတ်နေခြင့်မျိုးသိပ်မရှိဘဲ သိစိတ် ၊မသိစိတ် စိတ်ဝိညာဉ် နှစ်ခုစလုံးက တည်ငြိမ်ကာ အနည်ထိုင်နေကြသလိုပင် နေလို့ထိုင်လို့ပင် ကောင်းနေသေးသည်။

ကျိုးယွင်သည် သူ့ကိုစောင့်ရင်းဆိုဖာမှာထိုင်ပြီး snowနဲ့ ဆော့နေသည့် ရှောင်ဟန်ကော ဆီကိုသွားလိုက်ပြီး ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။

သူက ကောကို တစ်ချက်ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"ရှောင်ဟန် ကော... ကျွန်တော်ပြင်ဆင်ပြီးသွားပြီ... အောက်ထပ်ဆင်းရအောင်...အပြင်သွားဖို့ တစ်ခါတည်း အနွေးထည်အက်ျီမမေ့နဲ့အူံးနော်...ပြန်ယူနေရလို့... အချိန်ကြာရင်...ကျွန်တော့်ကို အပြစ်မတင်နဲ့..."

သူရဲ့ စကားကိုကြားတော့ ရှောင်ဟန် ကောက မျက်နှာချိုသွေးကာ ပြုံးပြလာပြီး ပြောလာ၏။

"ဟိုလေ...အဆိုးလေး...ကော မနေ့ညကလေ အက်ျီအနွေးထည်တွေအားလုံးက မလျှော်ရသေးလို့ ရေစိမ်ထားလိုက်မိတယ်...အလုပ်သမားတွေကိုလည်း မခိုင်းရက်ဘူး...ကောအားမှပဲ လျှော်မလို့...ဒီနေ့တော့...အနွေးထည်မဝတ်လည်း ကိစ္စမရှိလောက်ပါဘူး...အပြင်မှာ က အေးမှမအေးဘဲ...အဲ့ဒါကြောင့် ...သွားကြရအောင်..."

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now