( ၃.၁ )

6.6K 1.1K 33
                                    

<Unicode>

၆.

ကျွမ့်နန်သည် သူ၏ ဘဝဇာတ်လမ်းရှည်ထဲမှ အပိုင်းလေးတစ်ခုမျှသာ။

ဤသူစိမ်းအား အိမ်အပြင်ပို့လိုက်ပြီးတာနှင့် လင်းဝမ်သည် အရာအားလုံးကို ပုန်းရှောင်တတ်သော ခရုအိမ်ငယ်လေးအတွင်းမှ ဘဝထံ ပြန်ဝင်သွားတော့သည်။ သူ့တွင် အလုပ်များစွာရှိသည်။ သူ အွန်လိုင်းပေါ်တွင် ဝတ္ထုရေးသည်။ ရုပ်ပြလည်း ဆွဲနိုင်သလို ဂိမ်းကစားလည်း တော်သည်။ ထို့အပြင် ပရိုဂရမ်းမင်းလည်း အနည်းအကျဥ်း တတ်သေးသည်။ သူ့ ဝင်ငွေမှာ အရမ်းမဆိုးလှဟု ပြောနိုင်ကာ ကျန်းမာရေး ပြဿနာမရှိသရွေ့ ဘေးဒုက္ခတစ်ခုခုနှင့် မကြုံသရွေ့ သူ ဘဝကို ဤပုံစံအတိုင်း ဖြတ်သန်းသွားမည်သာ ဖြစ်သည်။

အိမ်နီးချင်းမှ ပြန်လာပြီး ကျေးဇူးလာတင်မည်ကို သူ စိုးရွံ့နေခဲ့ရသေးသည်။ ရက်ပေါင်းများစွာကြာအောင် ရင်တထိတ်ထိတ်နှင့် စောင့်ခဲ့ရသော်လည်း ကျွမ့်နန်မှာ ပေါ်မလာခဲ့။

စိတ်သက်သာရာ ရသော်ငြား တဖက်တွင်လည်း သူ မကျေမနပ်ဖြစ်မိသည်။ ဤလူသည် ထိုမျှလောက်တောင် လူမှုရေးနားမလည်ဘူးပဲလား။ မကျေမနပ်ဖြစ်ပြီးနောက် စိတ်အေးသွားရပြန်သည်။ ပုံစံအရတော့ သူ့ အိမ်နီးချင်းသည် အင်မတန်မှ ချင့်ချိန်တွေးတတ်ပုံပင်။ အခြားလူတွေနှင့် အဆက်အဆံအရှုပ်အထွေးကို သူ သဘောမကျမှန်း သိသဖြင့် လာမတွေ့ရခြင်းပင် ဖြစ်မည်ထင်သည်။

လင်းဝမ်၏ အတွေးများသည် အမြဲတစေ လွန့်လူးကာ အကြောင်းအရာတစ်ခုတည်းအပေါ်အစွဲမရှိသည်မို့ ထိုအိမ်နီးချင်းမှာ မကြာမီပင် သူ့အတွေးစဥ်တန်း၏ ချောင်တစ်နေရာထဲ ထိုးခြင်းခံလိုက်ရတော့သည်။ နှစ်ရက်ကြာသော် မြို့တော် A တွင် အပူချိန်ထပ်ကျပြန်လေသည်။ ရုံးဝန်ထမ်းများနှင့် ကျောင်းသားတို့မှာ မနက်ခင်းပိုင်းတွင် စောင်အနွေးဓာတ်ထဲမှ ကျိန်ဆဲလျက် မနည်းကုန်းရုန်းထရတော့သည်။

လင်းဝမ်နှင့် သူ၏ အယ်ဒီတာတို့သည် စာမူကြမ်းအပ်ရန်အတွက် နောက်ဆုံးရက် ကန့်သတ်မှတ်ထားခဲ့သည်။ အချိန်တောင် အတော်လေးနောက်ကျနေပြီကို ကြည့်ကာ မျက်နှာချင်းဆိုင်မှ ကျွမ့်နန်အား သူ သတိသွားရမိသည်။ ကျွမ့်ရှန့်ရှန်း၏ အလုပ်တာဝန်သဘောတရားအရဆိုလျှင် ညနေစောင်းချိန်တိုင်း အပြင်ထွက်ရကာ ညည့်နက်မှ ပြန်လာရမည့်ပုံပင်။

အိမ်နီးချင်းချစ်သူ〖 Completed 〗Where stories live. Discover now