( ၁၁ )

5K 1K 98
                                    

<Unicode>

၂၅.

လင်းဝမ်သည် ကျွမ့်ရှန့်ရှန်း၏ ဆိုလိုရင်းကို နားမလည်ခဲ့သော်လည်း ရက်အနည်းငယ်ကြာမှ သဘောပေါက်သွားတော့သည်။

သူ၏ တစ်ဝမ်းကွဲအစ်ကိုမိသားစုကား မထင်မှတ်ထားမိစွာ ပြန်ရောက်ချလာခဲ့သည်။ သို့သော် ဒီတခေါက်တော့ ပြဿနာရှာဖို့မဟုတ်။ ကြောက်လန့်တကြားဖြင့် ငိုတော့မတတ် ခါးကုန်းတောင်းပန်ကြချေသည်။

လင်းဝမ်သည် ဇဝေဇဝါဖြစ်သွားရသည်။ ဂရုအထူးပြုကာ ချိန်းကြိုးတန်းလန်းဖြင့် ထား၍ တံခါးကိုတော့ အပြည့်ဖွင့်မပေးခဲ့။ သူ့အား ဒုက္ခတွေ အလီလီပေးခဲ့သော လူသုံးယောက်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့လေသည်။

"ပိုက်ဆံ...ငါတို့ သေချာပေါက်ပိုက်ဆံကို ပြန်ဆပ်ပါ့မယ် ရှေ့နေစာလေး ရုတ်သိမ်းပေးပါလားကွာ"

နားညည်းတယ်..

"ငါတို့ နားလည်မှုလွဲကြတာပါကွာ ငါတို့က မိသားစုတွေပဲလေ..."

နားညည်းတယ်..

"ရှောင်ဝမ် ရှောင်ဝမ် ငါတို့ မှားမှန်း သိပါပြီ...."

"ဒုန်း"

လင်းဝမ်သည် အသက်မဲ့သော မျက်နှာဖြင့် တံခါးဆောင့်ပိတ်လိုက်တော့သည်။

၂၆.

ထိုနေ့ညနေခင်းတွင် ကျွမ့်ရှန့်ရှန်းသည် ပို့စ်ကတ်နှင့်အတူ လူပါ ပေါက်ချလာခဲ့လေသည်။ လင်းဝမ်ကား တစ်နေ့လုံး စိတ်ရှည်ရှည်နှင့် စောင့်နေခဲ့ပြီးနောက် ကျွမ့်နန်အား မြင်တာနှင့် တန်းမေးတော့သည် "ကျွမ့်ရှန့်ရှန်း ခင်,ခင်ဗျား တစ်ယောက်ယောက်ကို တစ်ခုခုများ လုပ်ခိုင်းလိုက်သေးလား"

သူ စဥ်းစားကြည့်ရာ အဖြေက တစ်မျိုးတည်းထွက်သည်။ ကျွမ့်ရှန့်ရှန်းတစ်ယောက် အကောင်ကြီးကြီးဖောက်သည်တစ်ဦးထံ အပူကပ်၍ ကူညီခိုင်းလိုက်ချေပြီ။ ထို မိသားစုမှ သူ့ကို လာတောင်းပန်ချိန်တွင် သူ မပျော်သလို စိတ်ထဲ သက်သာရာလည်း မရ။ မဟုတ်တရုတ်အတွေးများကသာ ခေါင်းထဲ ကြီးစိုးထားလျက် တစ်ကိုယ်လုံး အေးခဲသွားမိလေသည်။

ဘယ်လိုကြောင့်များ?

ဘာအတွက်ကြောင့်များ?

အိမ်နီးချင်းချစ်သူ〖 Completed 〗Where stories live. Discover now