( ၉ )

4.9K 1K 24
                                    

<Unicode>

၂၂.

အလုပ်နှင့်သာ အချိန်ကုန်နေရသော ကျွမ့်ရှန့်ရှန်းသည် ပူစီလေးကို ဂရုစိုက်ဖို့ မအားပေ။ ကြောင်လေးကို စောင့်ရှောက်ပေးသည့် လင်းဝမ်ကို ကျေးဇူးတင်သည့်အနေဖြင့် ဆိုဖာခုံတစ်ခု အစားပြန်ဝယ်ပေး၍ ကြောင်တက်သစ်ပင်တစ်ပင်လည်း ဝယ်လာကာ တစ်နေ့ခင်းလုံး တပ်ဆင်ပေးလေသည်။ ကြောင်တက်သစ်ပင်ကို ဆင်ရသည်မှာ သိပ်မခက်လှချေ။ သို့သော် ဉာဏ်ရည်ထက်မြက်ဟန်ပေါ်သော ကျွမ့်ရှန့်ရှန်းသည် ဤကဲ့သို့ လက်သမားအလုပ်မျိုးတွင်မူ ကျွမ်းကျင်ပုံမရ။ ဟိုနေရာ လွဲလိုက် ဒီနေရာ မှားလိုက် ရှိနေ၏။

လင်းဝမ်သည် စိုးရိမ်ပူပန်စွာဖြင့် ဘေးတွင် ကြည့်နေရင်း သူကိုယ်တိုင် ဝင်လုပ်ချင်သော်ငြား ကျွမ့်ရှန့်ရှန်း ရှက်သွားမှာကို တွေးမိရာ စကားမစရဲ။ သို့ဖြစ်ရာ နံဘေးတွင်သာ စာအုပ်တစ်အုပ်ကို ကိုင်၍ ငြိမ်ငြိမ်လေးထိုင်နေလိုက်တော့လေသည်။ စာအုပ်နည်းနည်းဖတ်လိုက် ကျွမ့်နန်ကို ကြည့်လိုက်ဖြင့် တပ်ဆင်ပြီးချိန်ထိ တိတ်ဆိတ်စွာ စိတ်ရှည်ရှည်နှင့် စောင့်ပေးချေသည်။

ညနေစောင်းပြီကို မြင်သော် လင်းဝမ်သည် သူတို့နှစ်ဦးကြားမှ သာမာန်အိမ်နီးချင်းဆက်ဆံရေးကို တွက်ဆကာ ကျွမ့်ရှန့်ရှန်းအား ညစာစားရန် ဖိတ်ခေါ်လိုက်လေသည်။ သူ စိတ်ကူးယဥ်နေတာလား ဘာလား မပြောတတ်သော်ငြား သူ ဖိတ်ခေါ်လိုက်တာနှင့် ကျွမ့်ရှန့်ရှန်းသည် အလုပ်ခရီးရောက်လျက် သူ့ဘက် လှည့်လာပြီး ပြုံးပြချိန်တောင် ရသေးသည် "အဲ့ဒါဆိုရင်လည်း လင်းရှန့်ရှန်းကို ဒုက္ခပေးရတော့မှာပါပဲ အရင်တခေါက်က မြေအိုးခရမ်းသီးဟင်းက တကယ်စားကောင်းတယ်"

လင်းဝမ်က ယောင်တောင်ပေါင်တောင်နှင့် ခေါင်းညိတ်ပြလာသည်။ မီးဖိုချောင်ဘက် ထွက်သွားရင်း နောက်လှည့်ကြည့်ရာ ကြောင်တက်သစ်ပင်မှာ တပ်ဆင်ပြီးစီးသွားလေပြီ။ ပုံစံကြည့်ရသည်မှာ တနေ့ခင်းလုံး အတွေ့အကြုံများစုဆောင်းပြီးနောက်တွင် ကျွမ့်ရှန့်ရှန်းတစ်ယောက် သူ၏ ရန်မိုင် နှင့် တုမိုင်တို့ကို ပွင့်လျက် စွမ်းအားတက်သွားပုံပါပင်။

အိမ်နီးချင်းချစ်သူ〖 Completed 〗Where stories live. Discover now